Quantcast
Channel: Myanmar/Burmese – All Things Myanmar Burmese
Viewing all 321 articles
Browse latest View live

Myanmar New Year Wishes from Amay Suu

$
0
0

image

နှစ်သစ်ဆုတောင်း
        …………………….

-ပြည်သူတွေအရည်အချင်းတိုးတက်လာဖို့
ပြည်သူတွေဟာ တကယ့်ကို ဒီမိုကရေစီနိုင်ငံရဲ့နိုင်ငံသားများပီပီ လုပ်နိုင်ကိုင်နိုင် တွေးနိုင်ခေါ်နိုင် ပြောနိုင်ဆိုနိုင်ဖို့
အဲဒီဟာက အရေးကြီးဆုံးဆုတောင်းလို့ ကျွန်မထင်ပါတယ်။

  -နိုင်ငံတနိုင်ငံရဲ့ တကယ့်အနှစ်သာရဟာ နိုင်ငံသူနိုင်ငံသားတွေပါ။
နိုင်ငံသူနိုင်ငံသားတွေ အရည်အချင်းရှိမှ နိုင်ငံလည်းတိုးတက်မယ်၊နိုင်ငံလည်း အဆင့်ရှိမယ်။

  -ဒါကြောင့်မို့လို့ ကျွန်မရဲ့နှစ်သစ်ကူး ဆုတောင်းလေးကတော့ အင်မတန်မှရိုးသားပါတယ်။
ကျွန်မတို့ရဲ့ပြည်သူပြည်သားများ တနေ့ထက်တနေ့အရည်အချင်းတွေ ပိုပြီးတော့ တိုးတက်နိုင်ပါစေ။
ကိုယ့်ရဲ့တာဝန်တွေကို ကိုယ်သိသိနဲ့ ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေအတွက် လုပ်ရဲကိုင်ရဲပါစေလို့
ကျွန်မအနေနဲ့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်။
ကျေးဇူးတင်ပါတယ်။

     ဒေါ်အောင်ဆန်းစုကြည်

Credit to Nay Thukha


Irresponsible TawWin Shopping Center

$
0
0

ကျွန်မနဲ့ သိတဲ့ အစ်မတစ်ယောက် ဧပြီ ၉ရက်နေ့ ညနေ ၆ခွဲနှင့် ၇ ကြားတွင် တော်ဝင်စင်တာမှာ ဈေးဝယ်ရင်း ပိုက်ဆံအိတ် ခါးပိုက်နှိုက်ခံရပါတယ် …. နိုင်ငံခြား ငွေတွေရော မြန်မာငွေတွေပါ တန်ဖိုးတော်တော်များများ ပါသွားပါတယ် … တော်ဝင်စင်တာက တာဝန်ရှိသူတွေကို CCTV ပြပေးဖို့ အကူညီတောင်းတော့ … office regulation အရ ပြခွင့်မရှိလို့ ကြည့်ချင်ရင် ရဲစခန်းက ထောက်ခံချက်ပါအောင်ယူလာဖို့ ပြောပါတယ် … ဒါနဲ့ ရဲစခန်းကို အကြောင်းကြားဖို့ ဒဂုံမြို့နယ် ရဲစခန်းလိပ်စာ မေးတော့ ရှိတော့ရှိတယ် … သေချာတော့ မသိဘူးလို့ ဖြေပါတယ်ရှင် (အားကိုးဖွယ်ရာအတိပါ)
အဲဒါနဲ့ပဲ ကားရပ်ထားခဲ့တဲ့ စကားဝါလမ်းဘက်ကို ထွက်လာတော့ လှည့်ကင်းတာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိနဲ့တွေ့ပြီး မေးမြန်း အကူညီတောင်းလိုက်တော့ ချက်ချင်းပဲ စခန်းကို စကားပြောစက်နဲ့ဆက်သွယ်ပြီး သူ့ မော်တော်ဆိုင်ကယ်နဲ့ ရှေ့မှ လမ်းပြခေါ်ဆောင်သွားပါတယ် .. စခန်းကိုရောက်တော့လဲ စခန်းမှူးကိုယ်တိုင်က သေချာ attention ပေးပြီး စစ်ချက်ယူကာ မနက်ဖြန် ပြန်လာခဲ့ဖို့ နဲ့ စခန်းက အရာရှိတွေထည့်ပေးလိုက်မှာဖြစ်လို့ အတူတူ cctv သွားကြည့်ကြရန် မှာလိုက်ပါတယ် …
နောက်တစ်ရက် စခန်းကိုပြန်သွားပြီး အရာရှိနှစ်ယောက်နဲ့အတူ စင်တာကိုပြန်သွားတော့ စင်တာ မန်နေဂျာဆိုသူနှင့်တွေ့ပါတယ် … တူတူလိုက်ပါလာသူ ရဲအရာရှိ နှစ်ယောက်က မန်နေဂျာအား အကျိုးကြောင်း ပြောပြရာ ထို မန်နေဂျာ ဆိုသူက ခပ်ပေါ့ပေါ့ ရီမောရင်း ဒါမျိုးက ကျွန်တော်တို့အတွက် ရိုးနေပြီဟု ကိုယ်ချင်းစာစိတ်မဲ့စွာ ပြောတဲ့အပြင် ပြီးတော့ ပစ္စည်းပျောက်တာ နဲ့ပတ်သတ်ပြီး စင်တာမှ တာဝန်မယူပါလို့ ကျွန်တော်တို့ ကြေငြာထားပြီးသားလေ လို့ ပြောပါသေးတယ် … ကျွန်တော်တို့မှာ တာဝန်မရှိဘူးလို့ ပညာမဲ့ ဆန်စွာ ရယူထားသော ရာထူးကိုမှ အားမနာ ထပ်ပြောပါသေးတယ် …. မှန်ပါတယ် .. လူတိုင်း လာနေတဲ့နေရာမှာ တစ်ယောက်ချင်းစီရဲ့ ပစ္စည်းကို ထိန်းသိမ်းရမှာ ကာယကံရှင်တာဝန်သာဖြစ်ပြီး စင်တာတွင် တာဝန်မရှိကြောင်း ကျွန်မတို့ သဘောပေါက်ပါတယ် … တာဝန်ယူပါ ဆိုတဲ့ စကားကို ကျွန်မတို့ မပြောခဲ့ပါဘူး … ကျွန်မတို့ ပြောတာက cctv လေး ပြန်ပြပေးဖို့ တစ်ခုတည်းပါ… ဒါမှလဲ ကာယကံရှင်က တစ်နေရာမှာ ချထားခဲ့မိလား .. အမှန်တစ်ကယ်ပဲ ခါးပိုက်နှိုက်ခံရလားဆိုတာ သေချာမှာမို့ပါ လို့ လေသံမာမာနဲ့ပြောတော့မှ cctv မှာ IT ဝန်ထမ်းများသာ ကြည့်ခွင့်ရှိကြောင်း IT ဝန်ထမ်းများမှာ နှစ်ကူးပိတ်ရက်ဖြစ်သောကြောင့် ရုံးမလာကြတော့လို့ ကြည့်ခွင့်မရနိုင်ကြောင်း မကြည်မလင်လှသော လေသံနှင့် ပြောပါတယ် … 
သူပြောတဲ့ စကား မှန်ကောင်းမှန်ပါလိမ့်မယ် … ဒါပေမဲ့ ဘယ် ရုံးမဆို ဝန်ထမ်းကို စာချုပ်ချုပ်ရင် အရေးပေါ် အခြေအနေတွင် ရုံးသို့လာရောက်ရန် ခေါ်ဆိုခြင်းခံရပါက လာရောက်ရမည် ဆိုတဲ့အချက် ပါကိုပါပါတယ် …
ခု လိုအခြေအနေမျိုးမှာ cctv ကိုလုံးဝ မပြခဲ့တဲ့ စင်တာ မန်နေဂျာဟာ စင်တာထဲမှာ သောင်းကျန်းနေတဲ့ သူခိုး ခါးပိုက်နှိုက်တွေနဲ့များ တူတူ ပေါင်းပြီး လုပ်စားနေသလားလို့တောင် ထင်မိပါတယ်…
ဤမျှ ကြီးမားသော လူများသော စင်တာ၏ တာဝန်ခံ မန်နေဂျာ ဆိုသူ၏ တုန့်ပြန်ချက်မှာ လွန်စွာ လက်လွတ်စပယ် တာဝန်မဲ့လွန်းခဲ့ပါတယ် ..
နောက်ဆုံးတော့ ကျွန်မတို့ လက်လျှော့ပြီး ပြန်ရန် ကားရပ်ခဲ့တဲ့ Basement 1 ကိုဆင်းလာခဲ့ပါတယ် ..  ၂ နာရီကျော်လောက်ဖြစ်နေတော့ စင်တာကို လာတဲ့ ဈေးဝယ်သူတွေ အရမ်းများပါတယ် … အဲ့မှာ ကားရှင်းဖို့တာဝန်ကျသူတွေက ကားရပ်နားဖို့ နေရာမရှိဘူးဆိုပြီး B1 ကိုဆင်းလာတဲ့ကားတွေကို ပေးမဝင်တော့ပဲ B2 ကိုဆက်တက်ခိုင်းပါတယ် … အဲ့မှာပဲ B1 ကအထွက်ကားနဲ့ အပေါ်ကဆင်းလာတဲ့ကားတွေ လမ်းကြောင်းရောပြီး ပိတ်ကုန်ပါတော့တယ် … B2 ကိုတက်ခိုင်းတယ်ဆိုလို့ B2 မှာ နေရာရှိတယ်မထင်ပါနဲ့ … အပြင်ကိုပြန်ထွက်ခိုင်းတာပါ .. ကျွန်မ B1 ကထွက်လာတော့ အထဲမှာ ကားရပ်ဖို့ နေရာ တော်တော်များများ လွတ်နေပါပြီ .. ဒါပေမဲ့ ကားရှင်းပေးတဲ့သူ မသိလို့ မသွင်းတာလားဆိုပြီး အစ်မရေ ကားတွေ နေရာလွတ်နေပြီ .. ဝင်လို့ ရမယ်ထင်တယ်လို့ (ဟုတ်ကဲ့ … မနေနိုင်မထိုင်နိုင် လျှာရှည်မိပါတယ်… ကားမောင်းရတဲ့သူတွေအချင်းချင်း ကားရပ်မဲ့နေရာ မရှိရင် ခေါင်းဘယ်လောက်ကိုက်ရလဲ ကိုယ်ချင်းစာမိလို့ပါ) ပြောမိတော့ … သူက နင်မြင်ခဲ့ရင် နင့်ကားရပ်ပြီး လိုက်ပြလိုက်တဲ့ .. အဲ့လို တုန့်ပြန်ပါတယ် … ကျွန်မ အံ့သြလွန်းလို့ ဆက်ကိုမပြောခဲ့တော့ပါဘူး ….
ဒီနေ့ရဲ့ အတွေ့ကြုံအရ တော်ဝင်စင်တာဟာ အရာရှိကစပြီး ဟိုး အောက်ခြေဝန်ထမ်းအထိ အကျင့်ပျက် စိတ်ဓာတ် အောက်တန်းကျကာ တာဝန်ယူလိုစိတ်ကင်းမဲ့သော လူမဆန်သော ဝန်ထမ်းဦးရေ များပြားနေတာကို လက်တွေ့သိလဲ့ရပါတယ် ..
ကျွန်မတို့လို ခံခဲ့ရတဲ့သူတွေလဲ အများကြီး ရှိမှာပါ … တလောကဖြစ်ခဲ့တဲ့ ဓားထိုးမှု နဲ့တကွ ပါကင်ထဲမှာရပ်ထားတဲ့ကားထဲက laptop ပျောက်သွားတဲ့ကိစ္စတွေဟာ အဆိုပါ တော်ဝင်စင်တာ တွင်ဖြစ်လဲ့တာဖြစ်ပြီး ခုချိန်ထိ စင်တာ ဝန်ထမ်းများဟာ ပြင်ဆင်သင့်သော လုံခြုံရေး .. ဈေးဝယ်လာသူများ၏ သက်တောင့်သက်သာရှိမှုတို့ကို ယခုတိုင် အရေးမစိုက် လျစ်လျူရှု ထားတာသိပ်ကို သိသာလွန်းပါတယ်
ဒီစာကိုဖတ်မိတဲ့သူတွေလဲ တော်ဝင်စင်တာသွားရင် သတိထားကြပါ … အလွန်ရိုင်းစိုင်းသော တာဝန်မဲ့သော လက်လွတ်စပယ် ပြောတတ်သောဝန်ထမ်းတစ်ချို့ နှင့်တကွ သူခိုးဂျပိုးများသော တော်ဝင်စင်တာကို တတ်နိုင်သလောက်ရှောင်ကြပါ … သွားရင်လဲ သတိထားကြပါရှင်
မှတ်ချက် …. တော်ဝင်စင်တာမှ ဝန်ထမ်းတိုင်းကိုမဆိုလိုပါ … လက်တွေ့ကြုံခဲ့သော အကြောင်းအရာများကိုသာ မျှဝေခြင်းဖြစ်ပါသည်..

Credit to Nu Nu Aung’s Face Book

Alpine Mandat rules!

Boycott #skynet

$
0
0

ကဲ….. Skynet ကို……

သပိတ်မှောက်တဲ့ Campaign လေး စလိုက်ကြရအောင်…

ဇီးကွက်ကြီးကတော့ စိတ်မြန်လက်မြန်ပဲဗျာ….

စကိုင်းနက် စလောင်းကို ဖြုတ်ပြီး….

ငါးခြောက် လှမ်းပလိုက်တယ်….

ပြည်သူလူထု ကို စောက်ဂရုမစိုက်ဖူး ဆိုတဲ့ အထာနဲ့….

စကိုင်းနက် က ကောင်တွေ…သူတို့ ၀န်ထမ်း က ဒီလောက်ကြီး…

မှားတာကို ကျ မတောင်းပန်ပဲ…. အရင်တုံးကလို….

အဘတွေ အားကိုးနဲ့ …..ပြည်သူ့ ခေါင်းဆောင်ကို…. ”မွေမွေ” လို့ ခေါ်…

အမေစုနဲ့ nld ထောက်ခံ တဲ့ သူတွေ ကို…. ထမိန်ခြုံ တွေ လို့….

မိုက်ရိုင်းတဲ့ကောင် လုပ်သမျှ on line မှာ ထင်ရှားရှိတာကျတော့….

မသိသလိုနေတယ်….

on line မှာ ပဲ ပြန့်နှံ့ နေတဲ့ ဈေးနှုံး လျှော့ ချမယ် ဆိုတာ ကိုကျ….

တွေ့တယ်လား….ပြီးတော့ မဟုတ်ပါဘူးဆိုတာ ဖြေရှင်းချက် ထုတ်တယ်လား…

အခု သော်တာထက် ဆိုတဲ့ ပြည်သူ့ခေါင်းဆောင်နဲ့ ပြည်သူတွေ ကို စော်ကားတဲ့…

ဝန်ထမ်းကို အလုပ်ထုတ်ပြီး…. ကြေးမှုံ နဲ့ မြန်မာ့ အလင်း ဂျာနယ်မှာ….

လူသိရှင်ကြား တောင်းပန်ပေးပါ….။

မတောင်းပန်ပဲ… ဗြောင်လိမ် ဗြောင်စား လုပ်လို့ ကတော့….

တွေ့တယ်နော်…. ငါးခြောက် လှမ်းတဲ့ ဗန်းတို့….

မိုးပြဲဒယ် အဖုံးတို့…. အိမ်သာ တံခါးရွက်တို့….. ယင်လုံ အိမ်သာ အဖုံးတို့….

ဖြစ်သွားမယ် မှတ်….။

ပြီးရင်…. 4 TV ကို ပြောင်းတတ်ကြမယ်….။

ကဲ….. အမျိုးတွေ …. သဘောတူရင် များများရှယ်ကြ….

များများ ဖြန့် ကြဗျာ…။ ဒီကောင်တွေလူပါးဝတာ တော့ …

လုံးဝ(လုံးဝ) မခံနိုင်ဘူး…။

image

image

image

image

image

Credit to San Maung’s facebook

Spirit of Myanmar citizen under New Government

$
0
0

image

image

image

မြန်မာပြည်မှာ
ဘယ်ခေတ်ဘယ်အခါက ဒီမြင်ကွင်းမျိုး မြင်ဖူးသလဲ.. ?

ရန်ကုန်မှာ ရေကစားတဲ့ ပြည်သူတွေနဲ့ စည်ပင်ဝန်ထမ်းတွေ ပူးပေါင်း လမ်း သန့်ရှင်းရေးလုပ်ကြသတဲ့  နာရီဝက်နဲ့ အမှိုက်ရှင်းပြီးသတဲ့ဗျာ… 

တကယ့်ကို လေးစားဖို့ ကောင်းတဲ့ ပြည်သူတွေ ဖြစ်နေပြီ…

နယ်ပယ် အသီးသီးမှာ ဘယ်ခေတ်နဲ့မှမတူ အပြန်အလှန်စောင့်ရှောက်ရင်း
ပြည်သူလူထုက ဘာ့ကြောင့် ဒီလို ပူးပေါင်း ဆောင်ရွက်လာသလဲ ဆိုတာတော့ ကိုယ့်ဟာကိုယ် စဉ်းစားရမယ့် ပုစ္ဆာတစ်ပုဒ်ပါပဲ..

Credit Yan Naing Oo & Zaw Lwin Win

Thank you notes from Amay Su

16 Volunteers & political prisnors just released!

$
0
0

image

image

image

image

image

image

ကိုထင်ကျော်၊ ဒေါ်နော်အုန်းလှ၊ ကိုနေမျိုးဇင် တို့အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၁၆ ဦး အင်းစိန်ထောင်မှ လွတ်မြောက်

အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်သူလူထု နှလုံးစိတ်ဝမ်း ငြိမ်းချမ်းစေရေး တို့ကို ဦးတည်သောအားဖြင့် အကျဉ်းထောင် အသီးသီးတွင် အပြစ် ကျခံလျက်ရှိသည့် အကျဉ်းသား ၈၃ ဦးအား မြန်မာနှစ်ဆန်း ၁ ရက် ဖြစ်သည့် ဧပြီ ၁၇ ရက်တွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄ ၊ ပုဒ်မခွဲ (က) အရ နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ပြီးနောက် ယနေ့ (ဧပြီ ၁၇ ရက်) နံနက်ပိုင်းတွင် အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁၆ ဦး ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။ အဆိုပါ ပြန်လည်လွတ်မြောက်လာသည့် ၁၆ ဦးတွင် အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၁၁ ဦးတို့ ပြည်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။

ပြည်လည်လွတ်မြောက်လာသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများထဲတွင် ကိုထင်ကျော်၊ ဒေါ်နော်အုန်းလှ၊ ကိုနေမျိုးဇင် တို့အပါအ၀င် အခြားသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူများလည်း ပြန်လည်လွတ်မြောက်လာခဲ့ခြင်း ဖြစ်သ
ည်။

Photo credit  သက်မင်း/Eleven

image

သမ္မတရဲ့ နှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းခွင့်နဲ့ မုံရွာအကျဉ်းထောင်ကနေ စာရေးဆရာ ထင်လင်းဦး လွတ်မြောက်လာ။

photo credit to – အောင်ကိုလတ်

image

image

… အမှားများလုပ်မိရင် ခွင့်လွှတ်စေကြောင်း
ရှစ်ခိုးဦးချ ကန်တော့လျှက်ပါ အမေ တဲ့
… သိတတ်လိုက်တဲ့ ဆရာပါဘဲ …
Credit to Henry Maung Thant

Sayar Htin Lin Oo released from prison!

$
0
0

image

photo credit to အောင်ကိုလတ်

image

image

“… အမှားများလုပ်မိရင် ခွင့်လွှတ်စေကြောင်း
ရှစ်ခိုးဦးချ ကန်တော့လျှက်ပါ အမေ” တဲ့
… သိတတ်လိုက်တဲ့  ဆရာပါဘဲ …

Credit to Henry Maung Thant


True story to Read

$
0
0

image

image

image

image

image

မိတ္ထီလာမြို့နယ်
ဇောင်းချမ်းကုန်းရွာ ဘုန်းတော်ကြီး ကျောင်းအတွင်းမှာ ရေကန်ကြီးတစ်ကန် ရှိပါတယ်။ ရေကန်ထဲမှာလည်း ဇီဝိတဒါန လွှတ်ထားတဲ့ ငါးတွေက အများကြီးပဲပေါ့။

သိကြတဲ့အတိုင်း
မိတ္ထီလာဆိုတာက မြန်မာပြည်ရဲ့ အပူပိုင်းဒေသတစ်ခု မဟုတ်လား။

ဒါ့အပြင်
ဒီနှစ်ကျတော့ ခါတိုင်းနှစ်တွေထက်ကို ထူးထူးခြားခြား ပူပြင်းလွန်းနေတာကြောင့် ရေကန်ကြီးဟာ ပတ်ကြားတွေအက်ကွဲပြီး တစ်စတစ်စနဲ့ ခန်းခြောက်လာနေပါပြီ။

မိုးကိုမျှော်ပေမယ့် မိုးက မကျ..
နေပူရှိန်က ပြင်းသထက် ပြင်းလာ…

ဒီတော့
ကန်ထဲကငါးတွေခမျာ မပဋာ မြေလူးသလို တဖျတ်ဖျတ် လူးလိမ့် ခုန်ပေါက်နေကြရင်း သေရတော့မယ့်အချိန်ကိုသာ စိုးရိမ်တကြီး ငံ့လင့်နေကြရှာလေရဲ့။

အပူဒဏ်မခံနိုင်တဲ့
တချို့ငါးတွေခမျာမှာလည်း ရေနည်းနေတဲ့ ကန်ထဲကနေ လွတ်လိုလွတ်ငြား ဟိုဟိုဒီဒီ ခုန်ပေါက်ရင်း ပတ်ကြားအက်တွေပေါ်မှာ သေပွဲဝင်ခဲ့ရရှာတာပေါ့။

အဲဒီလို
ကူရာကယ်ရာမဲ့နေတဲ့ ငါးကလေးတွေကို တွေ့မြင်နေမိတဲ့ ဇောင်းချမ်းကုန်းကျေးရွာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဓမ္မေသိက ဆရာတော်ဘုရားကြီးခမျာ ဘယ်လိုမှ စိတ်မချမ်းမြေ့တော့ပါဘူး။

သတ္တဝါ အားလုံးအပေါ်မှာ
မေတ္တာတရား ကြီးမားသူပီပီ မျက်နှာလွှဲ ခဲပစ်လည်း မလုပ်နိုင်တော့ပါဘူး။

ဒီတော့
ဆုံးဖြတ်ချက်တစ်ခုကို အခိုင်အမာ ချ..

ကျောင်းတိုက်အတွင်းမှာရှိနေကြတဲ့
ဒုလ္လဘရဟန်း အပါး ၅၀ ကျော် အပါအဝင်
ကိုရင်ငယ်ကလေးတွေ၊ ဦးပဉ္ဇင်းတွေကို သူကိုယ်တိုင်ဦးစီးကာ ရေကန်ကြီးအတွင်း သက်ဆင်းလာခဲ့ပါပြီ။

ပြီးတော့
ရေကန်ထဲကငါးတွေကို ပိုက်ကွန်တွေနဲ့ ဖမ်း..

ဖမ်းလို့ရလာလေသမျှ ငါးတွေကို
ယာယီ ပလပ်စတစ် ရေလှောင်ကန်တွေ၊ အိုးတွေ ခွက်တွေထဲပါမကျန် အသေအချာ ထည့်..

ပြီးတာနဲ့
တပည့် ဒကာ ဒကာမတချို့ရဲ့ အကူအညီနဲ့ ကားတွေ၊ ထော်လာဂျီတွေအပေါ်မှာ ဂရုတစိုက်တင်စေပြီး မိတ္ထီလာ ကန်တော်ကြီးဆီကို အမြန် မောင်းခိုင်းပါတော့တယ်။

ကားပေါ်မှာပါသွားကြတဲ့
ငါးကလေးတွေကတော့
ရေနည်းနေပြီဖြစ်တဲ့ ဇောင်းချမ်းကုန်းရွာ ရေကန်အတွင်းကနေ ကြည်လင် အေးမြပြီး ရေချိုအေးအေးလေးတွေ ပြည့်လျှံနေပါတဲ့ မိတ္ထီလာကန်တော်ကြီးဆီကို မကြာခင် ရောက်တော့မယ်ဆိုတာ သိရှိနေဘိအလား မြူးတူးစွာ ကခုန်နေကြလေရဲ့…။

(အရေးပေါ် ဇီဝိတဒါန
ငါးလွှတ်ပွဲတစ်ခုကို နေပူကျဲကျဲကြီးထဲမှာ မေတ္တာ ကရုဏာတရား အပြည့်ဖြင့် ကုသိုလ်ပြုပေးခဲ့ကြပါသော ဇောင်းချမ်းကုန်းရွာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဓမ္မေသိကနှင့် ဒုလ္လဘ ရဟန်းသံဃာများ၊ ကိုရင်ငယ်များ၊ ရွာသူ ရွာသားများအား ဝမ်းမြောက်နုမော် သာဓုခေါ်လျက်)

လေးစားလျက်_ သူလှိုင်

Photo credit to  Maung Magway

Ma Connie & Ma Haymar @ Bagan

Story of Jyine bridge only open for 5am-9pm

$
0
0

image

ဂျိုင်းတံတား(ကော့ကရိတ်)ကို
အချိန်ကြာကြာ ပိတ်ရသည့်
ထိပ်တန်း လျှို့ဝှက်ချက် ..

®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®

ကရင်ပြည်နယ်ရဲ့ အကြီးဆုံးတံတားဖြစ်တဲ့ သံလွင်တံတား ကို (ည ၁၁နာရီပိတ် ~ မနက် ၂ နာရီ ဖွင့်ပြီး) တစ်ရက်ကို (၂၁)နာရီ ဖွင့်ပါ တယ်။

ကော့ကရိတ် ဂျိုင်းတံတားကို (ည ၉ နာရီပိတ် ~ မနက် ၅ နာရီ ဖွင့်ပြီး) တစ်ရက်ကို (၁၆) နာရီ သာ ဖွင့်ပါတယ်။[ယခင်က မနက် ၆း၃၀ မှ သာဖွင့်ပြီး ယခု မနက် ၅ နာရီဖွင့်သည် မှာ မကြာသေးပါ]

ရန်ကုန်မှ ညပိုင်း ထွက်လာသော ခရီးသည် ကားများ နှင့် ကိုယ်ပိုင်ကားများ အားလုံး ဘားအံ သံလွင်တံတား သို့ ည ၁၁ နာရီ နောက် ပိုင်းမှ ရောက်လျှင် ဖြတ်သန်းခွင့် မပြု တော့ပါ။ ခရီးသည်များ အားလုံး သံလွင် တံတား အရှေ့ ကတ္တရာ လမ်းမပေါ်တွင် ခြင် ကိုက်ခံ ဖြုတ် ကိုက်ခံပြီး မနက် ၂ နာရီ ထိုး သည်အထိ ဖြစ်သလို စောင့် အိပ် ကြရပါ သည်။ (အဆွေတော် ည ကားစီး ခရီးသည် အားလုံး မအိပ်ဘူးသူမရှိပါ)

မနက် ၂ နာရီထိုးမှ သံလွင်တံတားမှ ကားများ ဖြတ်ခွင့် ရသည်။ သံလွင်တံတားမှ မနက် ၂ နာရီ ထွက်လာသော ကားများအားလုံး မနက် ၃ နာရီ ကျော်ကျော် အချိန် လောက်တွင် ကော့ကရိတ် ဂျိုင်းတံတား သို့ ရောက်ကြ သည်။ ကရင်ပြည်နယ်၏ အကြီးကျယ်ဆုံး သံလွင် တံတားကြီး မှ ဖြတ်ခွင့်ပြု လိုက် သည့် ကား များ ဖြစ်သော်လည်း “ရစ်”သည့် နေရာ တွင် နာမည် ကြီးသော “ငပွကြီး ဂျိုင်းတံတား” က  ဖြတ်သန်းခွင့်မပြု ဘဲ ထပ်ရစ်သေးသည်။ မနက် ၅ နာရီထိုး မှသာ ကားများကို ဖြတ် သန်း ခွင့်ပေးသည်။ ထုံးစံအတိုင်း ခရီးသည် အချို့ က အိပ်ပြီး စောင့် ကြသည်။ အများစု က မနက်စာ တစ်ခု ခု စားရင်း စောင့်ကြသည်။
ဂျိုင်းတံတား မှ စားသောက်ဆိုင်များ နေ့စဉ် အရောင်း အဝယ် ကောင်းကြသည်ပေါ့။

ဤနေရာတွင် –
“ငပွကြီး ဂျိုင်းတံတား” အကြောင်း ပြောဖို့ လို လာပါပြီ။ ဂျိုင်းတံတား ကို သံလွင်တံတား ကဲ့သို့ (ပိတ်ချိန်/ဖွင့်ချိန်) အတူတူသတ်မှတ် လို့ မရနိုင်ဘူးလားလို့ မေးလာရင်တော့ – သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ အနေဖြင့်
“ရပါတယ်” လို့ ဘဲဖြေ ကြပါလိမ့်မည်။

ရတယ်ဆိုရင် ဘာလို့ မလုပ်တာလဲလို့ ထပ်မေးရင်တော့ —
နိုင်ငံတော် လျှို့ဝှက်ချက်မို့ မဖြေပါရစေနဲ့ လို့ ပြုံးစိ ပြုံးစိ ဖြင့် တောင်းပန်ကြ ပါလိမ့်မည်။

အကြောင်းရင်း ကား –

without ကားများ
ဂျူတီမဲ့ မှောင်ခို ၁၂ဘီးကား/တွဲကားများ
ဂျူတီမဲ့ မှောင်ခို ဆီဘောက်ဆာကားများ
စသည့် မှောင်ခိုကားပေါင်း ရာဂဏန်းကျော် မှ
နေ့စဉ် သိန်းဆယ်ဂဏန်း ကြီးကြီး
ဆက်ကြေး မှန်နေသည့်
“ငပွကြီး ဂျိုင်းတံတား” သည် ..

“ယခင်ဝန်ကြီးချုပ်ဟောင်း ”
အတွက် ..

“ပို့ဆွမ်း” မြက်မြက်လေး ရနေသည့်
ငွေတွင်း တစ်ခု ဖြစ်နေသည်က တကြောင်း။

၎င်း ဝန်ကြီးချုပ်အဟောင်း ကိုယ်တိုင်
ငွေရသည့် ဂွင် များကို စစ်ဆေးရန် တိုင်းခန်းလှည့်လည် သည့်အခါတိုင်း ..
အသွားလည်း နား ..
အပြန်လည်း နား ..
နားပြီးရင်း နား နေ ရသည့်
အချစ်ရေး အရ ..
ဗျူဟာကျသည့် တံတားကြီး ..
ဖြစ်နေသည်က တမုံ့ ။

အနှီ .. ဂျိုင်းတံတားကြီးသည်ကား
ဝန်ကြီးချုပ်အဟောင်း ၏
ပိုလျှံနေသော မေတ္တာ များစုပုံထားရှိရာ
တံတား တစ်စင်း ဖြစ်နေချေတော့၏ ။

————————————–

မြန်မာ ရာဇဝင်မှာ ..
ဘုရင် တစ်ပါး က ..
ကျေးလက် က ချစ်သူ နဲ့ ခွဲခွါ ခါနီး ..
သူဝတ်ထားတဲ့ လက်စွပ်ကိုချွတ် ပေးရင်း ..
မြန်မာ့သမိုင်းမှာ ရာဇဝင်တွင်မဲ့
ဒိုင်ယာလော့ (Dialogue) တစ်ခု
ပြောခဲ့တာ ရှိပါတယ် ..

{“ညီမတော် .. ဒီလက်စွပ် ကိုယူထား ..
(၁)သားယောင်္ကျားလေး မွေးရင်
အဲဒီလက်စွပ် ကိုဝတ်ပြီး နန်းရင်ပြင်လာခဲ့။
(၂)သမီးမိန်းခလေး မွေးရင်
အဲဒီလက်စွပ် ကို ထုခွဲရောင်းချပြီး ရင်းနှီးလုပ်စားပေတော့” .. ဟူသတဲ့}

——————————————–

အဲဒီမြန်မာ ရာဇဝင်ထဲက အတိုင်း ..
အလားတူဘဲ ..

ကရင်ပြည်နယ် ကို အပိုင်စား ရခဲ့တဲ့
မြှာပွေတဲ့ ဝန်ကြီးချုပ် အဟောင်း
တစ်ယောက်လည်း ..
သူ့ရဲ့ 
ဝေဇယန္တာလမ်းပေါ်ဖွင့်ထားတဲ့
ကိုယ်ပိုင် စိန်ဆိုင်ကြီးမှ ယူလာတဲ့ စိန်လက်စွပ်တစ်ကွင်း ကို
ဂျိုင်း ကျေးရွာ က ချစ်သူလေးကို ..
ထုတ် ပေးရင်း ..
မြန်မာ ရာဇဝင်ထဲကအတိုင်း
ပြောခဲ့တဲ့ စကား ရှိပါတယ် ..

————————————

ညီမတော် .. ဒီလက်စွပ် ကိုယူထား ..

(၁) သားယောင်္ကျားလေး မွေးရင်
အဲဒီလက်စွပ် ကိုဝတ်ပြီး
နန်းရင်ပြင်(ဘားအံပြည်ထောင်စု) ကိုလာခဲ့
အဆောင်အယောင် နဲ့ ရာထူး ပေးမယ် ..

(အဘရဲ့ ဘားအံက ပိုင်ဆိုင်မှုအချို့ဖြစ်တဲ့)
သီရိဘားအံ ဟိုတယ် ..
(သို့မဟုတ်)
သံလွင် ပါရဒိုက် ဟိုတယ် ..
(သို့မဟုတ်)
ရှမ်းလေးဆီဆိုင်(ဇွဲကပင်ဟိုတယ်အနီး) ..
– – –
– – –
ကြိုက်ရာ တစ်ခုခု ကို ရွေးလော့ ..
အဆောင်အယောင်နဲ့ တကွ
နေရာချထား ပေးမယ် ..။

(၂)သမီးမိန်းခလေး မွေးရင် တော့
အဲဒီလက်စွပ် ကို ထုခွဲရောင်းချပြီး ရင်းနှီးလုပ်စားပေတော့  ..။

(၃) သားသမီး မထွန်းကားရင်တော့ ..
ဂျိုင်းတံတား မှာဘဲ
(အဆင့်မြင့်ဘီယာဆိုင်)Restaurant
ဆိုင်တစ်ဆိုင် ဖွင့်ပေးမယ် ..
အရှေ့နန်းစံ မိဖုရားအဖြစ်
ဆက်ပြီး နေရာပေး မယ် ဆို သတဲ့ ။

————————————–

အဲလိုနဲ့ ..
အရှေ့နန်းစံ မိဖုရား ရဲ့ (အဆင့်မြင့်ဘီယာဆိုင်)Restaurant 
အရောင်းအဝယ်ဖြစ်ဖို့ အရေး ..
(ဂျိုင်းတံတား၂၄ နာရီ ဖွင့်လိုက်ရင် အရောင်း အဝယ် မဖြစ်မဲ့ အရေးကို တွေးပြီး)

ဝန်ကြီးချုပ် အဟောင်း ခမျာ ..
ဂျိုင်းတံတား ကို
(ည ၉ နာရီပိတ် ~ မနက် ၅ နာရီ ဖွင့်) တစ်ရက်ကို (၁၆) နာရီ သာ ဖွင့်ပြီး
ဂျိုင်းတံတား ရဲ့ ပိတ်ချိန်ကို
ရသလောက် ထိန်း ထား ရခြင်း ဟာ ..

ဝန်ကြီးချုပ် အဟောင်းကြီးရဲ့
အရှေ့နန်းစံ မိဖုရား အပေါ်ထားရှိတဲ့
အချစ် သက်သေပြချက် တွေပါ  ..

“သူတည်းတစ်ယာက် ကောင်းဖို့ အတွက်မူ ..
ခရီးသွား အားလုံး ဒုက္ခ ခံအံ့”
ဟူသော
ထုံး ကို နှလုံးမူ ခဲ့တဲ့ ..
“ဝန်ကြီးချုပ် အဟောင်းရဲ့
ချစ်လူမိုက် ဇတ်လမ်း ကြီး” ကို

တပည့်ကျော် တာဝန်ရှိပုဂ္ဂိုလ်တွေ က ..
(ရေနွေးကြမ်း ပုဂံလုံး နဲ့
ပစ်ပေါက်ခံရမှာ ကြောက်လို့)  ..
အားလည်း နာ ..
ကြောက်လည်း ကြောက်လို့ ..

အရင်လိုဘဲ ..
အလိုက် တသိနဲ့
တံတား ပိတ်ချိန် ကို
ဆက်ပြီး ထိန်းထား နေရခြင်း
ဖြစ်ပါသတဲ့ ဗျာတို့ရေ … 😀  😀  😀

———————————–
ဤကား ယခင်ကရင်ပြည်နယ် အစိုးရဟောင်း ၏ ဂျိုင်းတံတားကို တစ်ရက် (၁၆) နာရီ သာ ဖွင့်ရ ခြင်း ၏ ထိပ်တန်းလျှို့ဝှက်ချက် တစ်ခု ပေါက်ကြား မှု သာ ဖြစ်ချေ၏ …။

————————————
စောတင်မောင်
၂၂-၄-၂၀၁၆

A dirty trick from KBZ counter @ Yangon International Airport

$
0
0

image

၁၉/၀၄/၂၀၁၆ ရက်နေ့ ညနေ ၆ နာရီခွဲလောက် မြန်မာပြည် ရန်ကုန်လေဆိပ်ရောက်တယ်။ အပြင်ရောက်လို့ ပိုက်ဆံလဲဖို့ လုပ်တော့ KBZ ကောင်တာပဲဖွင့်တယ်။ ပိုက်ဆံလဲမလို့ပါဆိုတော့ Bank ပိတ်ရက်မို့ ပိုက်ဆံကုန်နေပါတယ်တဲ့။ အိုခေပေါ့။ အဲဒီအချိန်မှာ ကောင်တာရှေ့က လူတယောက်က လဲမလား၊ ၈၆၀ ပေးမယ်၊ KBZ က ၈၆၄ ပေးတယ်လို့လာစပ်တယ်။ အိုခေ လဲမယ်ပေါ့။ အဲလူပိုက်ဆံသွားယူနေတုန်း ဂကြီးတကောင်က ပိုက်ဆံ၂၀၀ လာလဲတယ်။ KBZ ကောင်တာက ကိုယ့်ရှေ့မှာပဲ လဲပေးလိုက်တယ်။ ထားလိုက်ပါပေါ့။ ငွေဈေးကျနေလို့ အနာမခံနိုင်လို့ ကိုယ့်နိုင်ငံသားတွေကိုမလဲပေးဘူး၊ တိုင်းပြည် သိက္ခာမကျအောင် နိုင်ငံခြားသားတွေကိုတော့ လဲပေးတယ်ပေါ့။ အပြင်ကလဲပေးယ့် ကျေးဇူးရှင်ကို စောင့်နေတုန်း လာကြိုတဲ့ကားရောက်လာလို့ ခဏစောင့်ဖို့အပြင်ထွက်ပြောတယ်။ ပြန်ဝင်လာတော့ ပိုက်ဆံကို KBZ ကောင်တာက ဘဲက ရေပီးကိုယ့်ကိုပေးတယ်။ တထောင်ဆိုတော့ နှစ်ယောက်ပေါင်း ၄၀၀၀ ကျပ်ရသွားတယ်။
        KBZ ကောင်တာကလူတွေ ဒီလိုလုပ်တာ KBZ သိ၊မသိဆိုတာ စိတ်ဝင်စားတယ်။
        KBZ BANK ရဲ့ official page ဟုတ်မဟုတ်တော့မသိဘူး။ Tag ပီးစမ်းကြည့်လိုက်တယ်။
        ဘဏ်တွေရဲ့ rule and regulation တွေအရ အဲလိုလုပ်ရင် ဘယ်ကိုတိုင်ကြားပီး၊ ဘယ်လိုအရေးယူမှု့တွေလုပ်မလဲသိချင်လို့ ဆရာဖေမြင့် ဝန်ကြီးလုပ်တဲ့ MOI Webportal Myanmar ကို Tag လုပ်ကြည့်တယ်။
       ဘယ်ကနေဘယ်လိုတိုင်ရမှန်းမသိလို့ ဇူကာဘက်ရဲ့ fb ကနေရင်ဖွင့်တယ်။
       အားလုံးဝိုင်းတွန်းရင် အရွေ့တခုဖြစ်မယ်လို့ထင်လို့ ဝိုင်းတွန်းကြပါလို့ တောင်းပန်ချင်တယ်။
       တချို့တွေ ၁၂ နာရီလောက် တန်းစီပီး မဲပေးခဲ့တယ်၊ တချို့တွေ ငွေ ၈သိန်းလောက်အကုန်ခံပီး မဲပေးခဲ့တဲ့ အစိုးရ ရဲ့ စွမ်းဆောင်ရည်ကိုသိချင်တယ်။ ကိုယ့်မှာရှိတဲ့ လုပ်ပိုင်ခွင့်ကို ပြည်သူ့မျက်နှာကြည့်ပီး ပြတ်ပြတ်သားသား ဆောင်ရွတ်ကြပါလို့  ၂၅ ရက်သား အစိုးရကို တိုက်တွန်းချင်တယ်။

Credit to (Ko) Yar Cho’s facebook

Cartoon of the day

Letter to Mandalay Mayor Dr.Ye Lwin

$
0
0

မြို့တော်ဝန် ဆရာဦးရဲလွင် သို့  ဟာဂျူလီ(ကသာ)၏ အိပ်ဖွင့်ပေးစာ…
*****************
ဆရာဦးရဲလွင် ခင်ဗျား….
ဆရာနဲ့ပတ်သက်ပြီး ကျွန်တော့ရဲ့ သဘောထားအမြင်ကို လွတ်လပ်စွာ တင်ပြခွင့်ပြုပါခင်ဗျာ..၊
ဦးသိန်းစိန်အစိုးရတက်လာပြီး နှစ်ပိုင်းအတွင်းမှာ မန်းတက္ကသိုလ်က ပါမောက္ခဦးအောင်မောင်းကြီးကို
မြို့တော်ဝန်ခန့်လိုက်တော့ မန္တလေးသားတွေအတော်များများ နှာခေါင်းရှုံ့ကြပါတယ်ဆရာ၊တက္ကသိုလ်က ပါမောက္ခတစ်ယောက်အနေနဲ့ မန္တလေးမြို့တော် လှပရေး ဖွံ့ဖြိုးဝေစည်ရေး လမ်းတံတားများ သန့်ရှင်းလှပလုံခြုံရေး အပါအဝင် စည်ပင်သာယာရေးနဲ့ဆိုင်တဲ့ လုပ်ငန်းတွေကို မလုပ်နိုင်လောက်ဘူး လို့လည်း ထင်မြင်ခဲ့ကြပါတယ်၊မန်းမြို့တော်သူ မြို့တော်သားတွေ ထင်တဲ့အတိုင်းလည်း ဦးအောင်မောင်းရဲ့ ၄နှစ်တာကာလအတွင်း မန္တလေးမြို့တော်ဟာ ‘ ဝေလေလေ’အဆင့်နဲ့ပဲ ကုန်ဆုံးသွားခဲ့ပါတယ်ဆရာ၊ ထားပါတော့ဆရာ၊ဒါတွေက ဦးသိန်းစိန်လက်ထက်က ကိစ္စတွေပါ၊
အခု ကျွန်တော်အဓိကပြောချင်တာက NLDအစိုးရအကြောင်းတွေပါ…။
    NLD အနိုင်ရပြီး အစိုးရဖွဲ့မယ်ဆိုတော့ ဘယ်သူတွေ သမ္မတဖြစ်မလဲ? ဘယ်သူ ဘယ်တိုင်း ဘယ်ပြည်နယ် ဝန်ကြီးချုပ်ဖြစ်မလဲ? ဘယ်သူတွေ ဘယ်မြို့တော်ဝန်ဖြစ်မလဲ? ဆိုပြီး စိုးတထိတ်ထိတ်နဲ့
ကျွန်တော်အပါအဝင် နိုင်ငံရေးကို ကြောင့်ကျတတ်သူတိုင်း စောင့်မျှော်ခဲ့ကြပါတယ်၊
သမ္မတကြီးအဖြစ် ဦးထင်ကျော်ကို ရွေးလိုက်တော့ ပြောစရာ ဆိုစရာ အပြစ်မရှိတဲ့ ရှာမှရှားတဲ့ တကယ့်ကိုယ်ကျိုးစွန့် နိုင်ငံရေးသမားကောင်းမှန်း သိကြရပြီး တိုင်းပြည်တစ်ခုလုံး စိတ်ချမ်းသာခဲ့ကြရပါတယ်၊ အဲဒီနောက် ဝန်ကြီးချုပ်တွေစာရင်း အတည်ပြုထုတ်ပြန်ပြန်တော့ ဝန်ကြီးချုပ်အားလုံးဟာ လူထုတွေ ယုံကြည်အားထားစရာ အနစ်နာခံခဲ့သူတွေ အတ္တကို စွန့်ခွာထားသူတွေ လုပ်တတ်ကိုင်တတ်တဲ့ တကယ့်ပညာတတ်တွေမှန်း သိကြရပြီး ”ငါတို့တိုင်းပြည်တော့ ကံကောင်းလေပြီ”လို့ ထင်မြင်ခဲ့ကြပါတယ်၊ ထင်မြင်ကြတဲ့အတိုင်းလည်း
ဝန်ကြီးချုပ်တွေဟာ(အထူးသဖြင့် ရန်ကုန်တိုင်း,စစ်ကိုင်းတိုင်း, ကရင်ပြည်နယ်) လူထုတွေသဘောကျလောက်တဲ့ ဖောက်ထွက်လုပ်ဆောင်မှုတွေကို လုပ်ပြနိုင်ခဲ့ပါတယ်၊  နောက်ထပ် ပြည်ထောင်စုဝန်ကြီးတွေ ပြည်နယ်ဝန်ကြီးတွေ …ဒါတွေမှာလည်း အများစုအနေနဲ့ ပြောစရာဆိုစရာ သိပ် မရှိလှပါဘူး၊ အဲဒီလို ပြောစရာ မရှိတဲ့ NLDအစိုးရအဖွဲ့ ရွေးချယ်မှုတွေအကြားမှာ ဆရာ့ကို မြို့တော်ဝန်အဖြစ် ကြေငြာလိုက်တာနဲ့ ကန့်ကွက်တဲ့အသံတွေ ဆူညံလာပါတယ်၊ ရှင်းရှင်းပြောရရင်
ဆရာကို မန္တလေးလူထုက မကြိုက်ကြဘူးဆရာ၊ အသပြာဆရာ,လူအချင်းချင်း လူသားဆန်စွာ မဆက်ဆံတတ်သူ, အခြေခံလူထုအပေါ်ညာတာမှုကင်းမဲ့စွာ ဆက်ဆံရေးကျဲသူ,အဖြစ် လက်မခံကြတာပါဆရာ၊ အဲဒီအသံတွေကြောင့် ဆရာနဲ့ပတ်သက်ပြီး နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ (ဆရာနဲ့ ဆက်ဆံဖူးသူ)သူတွေကို စုံစမ်းမေးမြန်းကြည့်တော့လည်း ဆရာအပေါ်သူတို့ မကြိုက်ကြတာကို သိလိုက်ရပါတယ်ဆရာ၊ ကျွန်တော့ကတော့ အရင်က ဆရာတို့ဆက်ဆံရေးတွေ ဘာတွေကို နောက်ထားပြီး ဆရာဘာလုပ်ပြနိုင်မှာလဲဆိုပြီး စောင့်ကြည့်ဖြစ်ပါတယ်ဆရာ၊
အဲဒီလိုစောင့်ကြည့်နေတဲ့အချိန်မှာပဲ ဆရာလုပ်ဆောင်ချက်တွေ ပြောဆိုချက်အင်တာဗျူးတွေဟာ
ထူးခြားမှုမရှိတဲ့အပြင် စစ်အစိုးရခေတ် ဦးသိန်းစိန်ခေတ်ကလို လူထုကို အပေါ်ယံတွေနဲ့ ဆွဲဆောင် ပြောဆိုပြနေတာကို တွေ့ရလို့ အခုလို ပေးစာ ရေးဖြစ်လိုက်တာပါဆရာ၊
ဆရာအနေနဲ့ ပုံနှိပ်မီဒီယာအင်တာဗျူးတစ်ခုမှာ မန်းသီတာဥယာဉ်ကို ရက်၁၀၀စီမံကိန်းမှာ ပြီးအောင်လုပ်မယ်လို့ ပြောခဲ့တယ်နော်ဆရာ၊
ဆရာ စဉ်းစားပါဆရာ၊ကျွန်တော်တို့ မန္တလေးမှာ စစ်တပ်အာဏာသိမ်းပြီးစက ရေပေါ်ဥယျာဉ်လုပ်ခဲ့ ကြသလို အမြို့မြို့အနယ်နယ်မှာလည်း ပန်းခြံတွေလုပ်ပြခဲ့ကြပါတယ်၊ လူထုတွေအတွက် လုပ်စရာအများကြီးရှိနေလျက်နဲ့ ဘာကြောင့် အလှအပတွေလုပ်ရတာလည်းဆိုရင် ဝါဒ ဖြန့်ချင်လို့ပါဆရာ၊ အခုလည်း ဆရာက လုပ်သင့်တာတွေ အများကြီးရှိနေရက်နဲ့ မန်းသီတာကို လုပ်မယ်ဆိုတော့ တစ်စုံတခုတော့ မှားနေပြီလို့ တွေးမိလိုက်ပါတယ်၊ လုပ်စရာတွေ အများကြီးဆိုလို့
တစ်ခုတော့ ဆရာ့ကို မေးချင်ပါသေးတယ်ဆရာ၊ ဆရာအနေနဲ့ ကျွန်တော်တို့နေထိုင်တဲ့ ၂၉လမ်း ၈၅×၈၉လမ်းအထိ ရောက်ဖူးပါရဲ့လားဆရာ၊မရောက်ဖူးသေးရင်လည်း တစ်ခေါက်လောက် လာကြည့်စေချင်ပါတယ်၊ကတ္တရာလမ်းမပေါ်အထိ ခင်းထားတဲ့ သူ့အိမ်ကိုယ့်အိမ်က သမံတလင်းတွေ၊
လမ်းမပေါ်အထိ ကျူးထားတဲ့ အိမ်တွေ၊ မန္တလေးမြို့ရဲ့ ဂုဏ်သိက္ခာကိုချနင်းနေတဲ့ ကတ္တရာမရှိတဲ့လမ်းတွေ ဆရာအနေနဲ့ လာကြည့်စေချင်ပါတယ်၊ ကျွန်တော်တို့နေထိုင်တဲ့ ၂၉လမ်းဆိုတာ ဥပမာအနေနဲ့ ပြချင်တာဖြစ်ပေမယ့် ၈၅လမ်း အနောက်ခြမ်း(ရွှေတစ်ချောင်းအနောက်ဖက်)လမ်းမှန်သမျှ အတူတူပါပဲဆရာ၊အဲဒီတော့ လူမြင်ကောင်းမယ့် မန်းသီတာဥယျာဉ်မှာ ငွေတွေအကုန်ခံမယ့်အစား လူထုအတွက် သွားရေးလာရေး
တကယ်အကျိုးရှိစေမယ့် လမ်းတွေကို ချဲ့တန်ချဲ့ ပြင်တန်ပြင် ခင်းတန်ခင်း လုပ်ပေးစေချင်ပါတယ်ဆရာ၊
နောက်ထပ်ဆရာပြောတာရှိသေးတယ်နော်၊ မန္တလေးကို စင်္ကာပူလို ဖြစ်အောင်လုပ်ပေးမယ်တို့ အိမ်ဈေးတွေ ထက်ဝက်ကျအောင် လုပ်ပေးမယ်တို့ဆိုတာ တကယ် လူပြိန်းကြိုက်အပြောတွေဆိုတာ စာဖတ်သူတိုင်း သိကြပါတယ်ဆရာ၊ ကျွန်တော့်သဘောကတော့ လူထုကို လေနဲ့ပြော လေနဲ့ အာမခံတာတွေ မလုပ်စေချင်ပါဘူးဆရာ၊ ကျွန်တော်တို့ လေသံသင့်ခံခဲ့ရတဲ့ နှစ်တွေ များလှပါပြီဆရာ၊

image

    ဆရာလုပ်ခဲ့တာတွေ ပြောခဲ့တာတွေနဲ့ပတ်သက်ပြီး ပြောစရာတွေ အများရှိပေမယ့် လွန်ခဲ့တဲ့၃ရက်လောက်က ဆရာပြောခဲ့တဲ့အင်တာဗျူးထဲက လူရယ်(ရီ)စရာဖြစ်ခဲ့တာလေး နည်းနည်းပဲပြောပြချင်ပါတယ်ဆရာ၊ဘာတဲ့ အမှိုက်သိမ်းကားတွေကို ခေါင်းလောင်းလေးတစ်ချက်နှစ်ချက်တီးနေတဲ့အစား လူနဲ့ အသံသွင်းထားတဲ့ လောက်စပီကာသံနဲ့ပြောတဲ့ပုံစံ ပြောင်းမယ်တို့ အမှိုက်ကားတွေကို တာလဘတ်နဲ့အုပ်မယ့်အစား
အဖုံးအကာတွေပါတဲ့ အဆင့်မြင့်အမှိုက်ကားတွေကို ရက်၁၀၀အတွင်းဝယ်မယ်တို့ဆိုတာ မြို့လူထုလိုအပ်ချက် အစစ်အမှန် ဟုတ် မဟုတ် ဆရာအနေနဲ့ စဉ်းစားကြည့်စေချင်ပါတယ်၊ ကျွန်တော်တို့လိုချင်တာက
  အဆင့်မြင့် အမှိုက်ကားမဟုတ်ပါဘူး၊  အဆင့်မြင့် အမှိုက်သိမ်းစနစ်ပါဆရာ၊ အခုအမှိုက်သိမ်းစနစ်ဟာ ဘယ်လောက်ညံ့တယ်ဆိုတာ သိချင်ရင် အိမ်တော်ရာဘုရားရှေ့(အနောက်မုဒ် ဝင်ပေါက်) က လူနှစ်ရပ်စာရှိတဲ့ အမှိုက်ပုံတွေကို လာကြည့်စေချင်ပါတယ်၊
ထားပါဆရာ ကျွန်တော်နောက်ဆုံးပြောချင်တာက NLD အစိုးရဆိုတာ ကျွန်တော်တို့နိုင်ငံအတွက်
မျှော်လင့်ချက်ပါဆရာ၊ ကျွန်တော်တို့နိုင်ငံရဲ့ဘဝကို မြင့်တင်ပေးမယ့် အစိုးရပါဆရာ၊လူထုအခက်အခဲတွေကို လျော့ချစေမယ့်အစိုးရဆိုတာကို ကျွန်တော်တို့ယုံကြည်ပါတယ်ဆရာ၊  ဒီတော့
ဆရာ့အနေနဲ့ ကျွန်တော်တို့တတွေရဲ့ ယုံကြည်မျှော်လင်ချ့က်တွေကို မပျောက်အောင် ဆရာ့အနေနဲ့ ဘာလုပ်သင့်တယ်ဆိုဆုံးဖြတ်ပေးပါဆရာ၊ ကျွန်တော်သဘောပြောရရင် ကိုယ့်ကြောင့်  အမေစုဦးဆောင်တဲ့ NLDအစိုးရရဲ့ နာမည်နဲ့ ဂုဏ်သိက္ခာကို မထိပါးစေချင်တာပါပဲဆရာ….
  အမေစုနဲ့  NLDကိုချစ်တဲ့ (ဟာဂျူလီ-ကသာ)

Credit to ဟာဂျူလီ-ကသာ

About Electricity System Break Down @ Yangon

$
0
0

#NCKmemo
ကျွန်မ မရေးဘူးလို့နေနေတာပဲ(ရေးပြရင်အရှည်ကြီးမို့ ပြီးတော့ကျွန်မအဲ့တာဝန်ကနေအနားယူထားတာ၃နှစ်နီးပါးရှိနေပြီမို့) ဒါပေမယ့်
မီးပြတ်တဲ့ကိစ္စတွေမှာအမြင်တွေအမျိုးမျိုးရေးနေကြတော့ အရင်အလုပ်သံယောဇဉ်လေးနဲ့ ဗဟုသုတလေးရှယ်ချင်လာတယ်
ကျွန်မပြောချင်တာကတော့ လက်ရှိဖြစ်နေတဲ့ System Break Downဖြစ်တာဟာ လက်ရှိအစိုးရနဲ့လည်းမဆိုင်သလို အရင်အစိုးရကြောင့်လည်းမဟုတ်ပါဘူး လျှပ်စစ်ဝန်ထမ်းတွေလုပ်စားတာလည်းမဟုတ်သလို မသမာသူလူတစ်စုက အကွက်ကျကျစီစဉ်တယ်ဆိုတာမျိုးလည်းမဟုတ်ပါဘူး
ကျွန်မက အရမ်းကြီးကျယ်ကျယ်ပြန့်ပြန့်မသိပေမယ့်ကိုယ်သိသလောက် ကိုယ်လုပ်ခဲ့ဖူးသလောက်အတွေ့အကြုံဗဟုသုတလေးတော့ အကြမ်းဖျင်းလေးသူငယ်ချင်းတို့ကိုမျှဝေချင်ပါတယ် အသေးစိပ်ဆိုရင်တော့ အရမ်းများသွားမှာပါ ကျွန်မအကောင့်ထဲမှာ အရင်MOEPမှာလုပ်တုန်းကကျွန်မရဲ့ဆရာသမားတွေ Seniorတွေ Juniorတွေလည်းရှိနေလို့ လိုတာလေးတွေဝိုင်းထောက်ပေးကြပါလို့အရင်တောင်းဆိုပါရစေ
ရပ်ကွက်လိုင်းအပြစ်လေးတွေတော့ထည့်မပြောတော့ပါဘူး National Grid အကြောင်းလေးသိရင်မှန်းလို့ရနိုင်မယ်ထင်ပါတယ်
ကျွန်မတို့ တနိုင်ငံလုံးမှာရှိတဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရေးကို System Ringတစ်ခုအနေနဲ့ ချိတ်ဆက်ထားပါတယ်
ဒီSystem ဟာ အဝင်နဲ့အထွက် balanceညီနေဖို့အတွက် Generation and Demand ကို 24/7စောင့်ကြည့်ထိန်းညှိရပါတယ် အဲ့လိုထိန်းညှိဖို့အတွက်လည်း သက်ဆိုင်ရာ ဓာတ်အားပေးစက်ရုံများ ဓာတ်အားခွဲရုံများ မှာ သက်ဆိုင်ရာလိုင်းများ စက်များအတွက် 24/7 shiftအဖွဲ့တွေတာဝန်ချထားပါတယ်
Main Control center 2ခုအနေနဲ့လည်း LDCနဲ့ NCCတို့ကနေ System တစ်ခုလုံးကိုထိန်းပေးပါတယ် System Dataတွေကိုလည်း တစ်နာရီခြားတစ်ခါစစ်ကြပါတယ်
ဒါကတော့ တာဝန်ယူနေကြတဲ့အပိုင်းပါ
System Breakဖြစ်တယ်ဆိုတာကတော့ဓာတ်အားထုတ်လုပ်တဲ့စက်တွေရုတ်တရက်fault ဖြစ်မယ် မဟာဓာတ်အားလိုင်းကြီးတစ်ပိုင်းပိုင်းမှာ ပြဿနာရှိမယ် အဲ့လိုဖြစ်လာရင် faultမကြီးတဲ့အခါမျိုးကတော့ သက်ဆိုင်ရာနေရာရဲ့လိုင်းနဲ့စပ်ဆက်သလောက်ပဲ မီးပြတ်မယ် သက်ဆိုင်တဲ့ ပြုပြင်ရေးအဖွဲ့ကပြင်မယ် clearance ရရင်ပြန်တင်မယ်
သို့ပေမယ့် generation power များတဲ့စက်ဖြစ်စေ မဟာဓာတ်အားလိုင်းတစ်လိုင်းဖြစ်စေfaultကြီးတဲ့အခါ တည်ငြိမ်အောင်ထိန်းနေတဲ့ Systemကြီးမှာ Unbalanceအနေအထားသို့ရောက်ရှိကာ ပြုတ်သွားပြီးတနိုင်ငံလုံး National Gridမှာအကျုံးဝင်သမျှအကုန်မှောင်မဲသွားပါတယ် တချို့စက်တွေဆိုerrorတွေပါတက်ကုန်တတ်ပါတယ် အဲ့ဒီအခါမှာသက်ဆိုင်ရာစက်ရုံတွေကနေ မိမိတို့စက်များထိခိုက်မှုရှိမရှိသေချာပြန်စစ်ရပါတယ် ရှိရင်တော့အစားထိုးရရင်ထိုးမရရင်ရပ် ပြီးတော့စက်တွေပြန်မောင်းနှင်ဖို့လုပ်ရပါတယ် အဲ့ဒီအခါမှာ စက်ရုံတွေကSystemနဲ့မချိတ်နိုင်သေးပါဘူး မိမိတို့ဆီကထွက်ရှိသလောက်နဲ့ညီမျှတဲ့ဓာတ်အားနဲ့ အရေးပေါ်နေရာတွေဖြစ်တဲ့ ဆေးရုံ ဘုရား မီးပွိုင့်နှင့်အဓိကလမ်းမီးများအစရှိတာတွေကိုအရင်ချိန်ပြီးပေးပါတယ် နောက်မှရေအားစက်တွေဘက်ကနေတဆင့်ပြီးတဆင့်နဲ့ ဝါးဆစ်လို တစ်ဆစ်ခြင်းပြန်ချိတ်ရပါတယ် ဒီအခါမှာလည်းတချို့jointတွေမှာ Voltageမညီတာတို့ errorလေးတွေပေါ်လာတတ်ပါတယ် လျှပ်စစ်မှာ ဆောရီးမရှိတဲ့အတွက် တဖက်ကအလုပ်ခွင်မှာလုပ်နေတဲ့သူတွေအန္တရာယ်ကင်းစေဖို့ ညွှန်ကြားတဲ့သူတွေအနေနဲ့ သတိထားလုပ်ဆောင်ရပါတယ် မီးမြန်မြန်လာရင်ပြီးရောဆိုပြီးကြိုးနှစ်စတက်ချိတ်လို့ရတာမျိုးမဟုတ်ပါဘူး မဟာဓာတ်အားလိုင်းများဆိုရင်အန္တရာယ်အရမ်းများပါတယ် အဲ့အဆင့်တွေအစအဆုံးချိတ်လို့ Ringရပြီဆိုမှာ ထုတ်လုပ်တဲ့ဘက်ကနည်းနည်းချင်းဝင် ပေးတဲ့ဘက်ကလည်းတဖြည်းဖြည်းချင်း သုံးစွဲမှုအနည်းအများပေါ်ကြည့်ပြီးတစ်လိုင်းချင်းထုတ်ထုတ်ပေးရင်း Stableအနေအထားကိုပြန်ညှိရပါတယ် ဒိုင်းဆိုအားလုံးပြန်ပေးလိုက်ရင်ဒုန်းဆိုပြီးအားလုံးပြန်ပြုတ်သွားမှာပါ
Systemစတင်ချိတ်တဲ့အဆင့်ဆင့်ကိုအောက်ကပို့စ်မှာလေ့လာနိုင်ပါတယ်
ဓာတ်အားသုံးစွဲမှုလေးပြောပြချင်ပါသေးတယ် အဓိကကတော့ရန်ကုန်မှာနေထိုင်တဲ့မိတ်ဆွေတွေကိုပြောပြချင်တာပါ (ကျွန်မလည်းရန်ကုန်သူစစ်စစ်ပါ )
ရန်ကုန်ရဲ့ဓာတ်အားသုံးစွဲမှုပမာဏဟာ တစ်နိုင်ငံလုံးထုတ်လုပ်မှုရဲ့၅၀%ကျော်ဆိုတာယုံပါသလားကျန်တဲ့တစ်ဝက်ရဲ့၅၀%မျှကိုမှ မန္တလေးကသုံးပါတယ် ကျန်တဲ့၂၅%လောက်ကို နေပြည်တော်နဲ့ကျန်ရှိတဲ့ပြည်နယ်နဲ့တိုင်းတွေကမျှသုံးတာပါ
ထို့ကြောင့်အရေးပေါ်အခြေအနေများအတွက်ရန်ကုန်ကMain Control Center က ဝန်အားတွေအမြန်လျော့ရတာပါ ရန်ကုန်လူနေများတဲ့တစ်ရပ်ကွက်စာဟာ နယ်က မြို့သုံးမြို့အသုံးထက်ပိုများနေပါတယ်
ဥပမာ 100MWထုတ်နေတဲ့စက်တစ်လုံးရုတ်တရက်ထိုးရပ်တဲ့အခါချက်ချင်းနောက်စက်တလုံးအစားထိုးမဝင်နိုင်ပါဘူး အဲ့အခါသုံးနေကြတဲ့အထဲကနေ100MWကိုမိနစ်အနည်းငယ်အတွင်းအမြန်လျော့ချရပါတယ် ဒီအခါမှာမြို့ရုံးလေးတွေကို 10MWဆီနဲ့လိုက်ပိတ်နေကြရင်တောင်အချိန်မမှီနိုင်ပါဘူး ဒီအခါပြန်ဆောင့်မတက်နိုင်တဲ့အမြန်မှီနိုင်တဲ့loadတွေကိုခဏဖြုတ်ချရပါတယ် ပြီးမှနောက်တစ်လုံးဝင်ပြန်ချိတ်ပေးရပါတယ် နောက်တစ်လုံးဝင်တာကြာမယ်ဆိုလဲဓာတ်အားပြတ်တောက်မှုမကြာစေရအောင်လိုင်းတွေလဲလဲပြီးBalance ကိုထိန်းရပါတယ်
ဒါကတော့ အကြမ်းဖျင်းလေးပါ system တစ်ခါပြုတ်ရင်ပြန်ချိတ်ရတာ တကယ်ကိုတနိုင်ငံလုံးကတာဝန်ကျသူ တာဝန်ရှိသူတွေအကုန်ပင်ပန်းရပါတယ် သတိထားပြီးအန္တရာယ်ကင်းစွာနဲ့အမြန်ဆုံး Back to Normal အနေအထားရောက်အောင်ချိန်ညှိလုပ်ရပါတယ် တခါတလေ Ringတစ်ဝက်အရောက် jointမှာVoltageမညီလို့ပဲဖြစ်ဖြစ်ပြန်ပြုတ်ကျသွားရင်အစကပြန်စရပြန်ပါတယ် အဲ့အချိန် complainဖုန်းတွေဝင်လာပြီးကျွန်မတို့ဘက်ကသေချာရှင်းပြသော်လည်း နှစ်ပြားမတန်အောင်ဆဲသွားတာခံရတယ် တခါတလေ Systemချိတ်နေတဲ့ကြားကဖုန်းမချလို့အစအဆုံး နာရီဝက်လောက်ရှင်းပြပြီးမှ အဲ့ဒါတွေငါမသိဘူးအခုမီးလာအောင်ဘယ်ကိုတိုင်ရမလဲဆိုတာမျိုး
အလုပ်စဝင်စကတော့လူငယ်ဆိုတော့အဲ့လိုလာဆဲရင်တော်တော်စိတ်ဆိုးတာ နောက်တော့ ပြုံးပြီးနားထောင်သေချာပြန်ပြောတာကျင့်သားရသွားတယ်
Control Centerမှာ သုံးနှစ်လောက်တာဝန်ထမ်းခဲ့တာပါ ညဘက်ဆိုသူများတွေအိပ်ကောင်းနေတဲ့အချိန်တောင်ကိုယ့်မှာ System ကိုထိုင်ကြည့်နေခဲ့ရတာ မိုးလင်းပေါက်ညတွေလုပ်ဖော်ကိုင်ဖက် Senior, Juniorတွေနဲ့ဖြတ်သန်းခဲ့ရတာတွေရော Systemတစ်ခုခုဖြစ်ပြီဆိုတာနဲ့ညသန်းခေါင်တောင်ပြေးလာပြီး Systemပြန်ချိတ်ဖို့ရောက်လာတဲ့ ဆရာသမားတွေရောမမေ့နိုင်ပါဘူး ထမင်းတောင်ထိုင်မစားရဲဘူး ချိုင့်ထဲဟင်းပုံ Systemခုံနားမှာပဲစားခဲ့ရတာ တာဝန်ကျချိန်မှာအဲ့အနားကတော်ရုံတန်ရုံနဲ့မခွာရဲကြဘူး ဘာအောက်ဆိုဒ် ဘာbonus ဘာအချိန်ပိုကြေးမှရတာမဟုတ် ဘယ်သူ့ခြိမ်းခြောက်မှုမှလည်းမပါပါဘူး
System stableဖြစ်ဖို့ဆိုတဲ့တာဝန်ကိုပဲကျေချင်ခဲ့ကြတာပါ😓😓😓

#NCKmemo

သူငယ်ချင်းမိတ်ဆွေများ ဗဟုသုတလေးတွေဖလှယ်ရန်ရည်ရွယ်ချက်ဖြင့်သာ technicalသဘောဖြင့်ရေးသားခဲ့သော်လည်း ကျွန်မနှင့်မည်သို့မျှမသက်ဆိုင်သောနိုင်ငံရေးတွေထင်မြင်ချက်များနှင့်shareကြပါသဖြင့် EPGEမှတင်ထားသောpost အားအလွယ်တကူဖတ်ရစေရန်ရေးသားပေးသော်လည်း ပြန်ဖျက်လိုက်ပါတယ် tagတွဲထားတဲ့ မောင်နှမတွေလည်းပြန်ဖြုတ်လိုက်ပါတယ်
ဒီpostကိုလည်း မသိချင်ကြဘူးဆိုကျွန်မပြန်ဖျက်ပါမယ် သိစေချင်တဲ့စေတနာနဲ့ ညက ၁နာရီလောက်မှာရေးထားတာပါ
ကျွန်မ လက်ရှိလည်းအလုပ်မှနှုတ်ထွက်ထားတာ သုံးနှစ်နီးပါးရှိနေပါပြီ တခြားအလုပ်မှာပါ အမှန်ပြောရင် အခုလိုစာအရှည်ကြီးရေးဖို့လည်းအရမ်းပျင်းပါတယ် သိသမျှလေးတွေမိတ်ဆွေတွေနဲ့ဖလှယ်ချင်လို့သာဒီpostကျမှဘယ်လိုဖြစ်သွားတယ်ဆိုတာ ကျွန်မနားမလည်နိုင်လောက်အောင်ပါပဲ
မဖျက်ဖို့ပြောတဲ့သူငယ်ချင်းတွေကြောင့်ကျွန်မဒီတိုင်းခဏထားထားတာပါ
ပိုမိုသိရှိလိုသူများ Electric Power Generation Enterprise နဲ့ ကျွန်မတို့လေးစားရတဲ့ဆရာ ဒေါက်တာထွန်းနိုင်ရေးတဲ့ postလေးတွေကနေလေ့လာနိုင်ပါတယ်ရှင်
(အရင်ကဘာလို့မရေးလဲမေးကြတယ် အဲ့မှာလုပ်တုန်းကလေ အိပ်ရေးပျက်တဲ့အခါခေါင်းတအားကိုက်တတ်တဲ့ကျွန်မအဖို့ Night Dutyထွက်ပြီဆိုတာနဲ့ အိမ်အမြန်ပြန်အိပ်ဖို့ပဲတွေးနိုင်တော့တာ နားရက်တစ်ရက်ကအိမ်လုပ် လူမှုရေးတွေနဲ့အချိန်ကိုမရတာ ပိတ်ရက်ဆိုတာမရှိဘူး သင်္ကြန်တွင်းလည်း Dutyအတိုင်း rotateသွားနေရတာပဲ အခုကတော့ အလုပ်အရမ်းမများတဲ့အခါနဲ့ ရုံးပိတ်ရက်တွေဆိုအားတယ်လေ ဒါ့ကြောင့် ဒီလိုရေးနိုင်တာ ဈာန်ဝင်ဖို့လည်းလိုသေးတာ ကျွန်မကစာရေးဖို့အရေးအရှိန်ယူရတာတင်လနဲ့ချီနေတာမျိုး😄)

Credit to Naychi Khaing’s facebook


Beware of this scam!!

Magic of old Myanmar Government!!

$
0
0

လက်သိပ်ထိုး လွှဲပြောင်းသွားခြင်း
အမှတ်(၁)စက်မူဝန်ကြီးဌာနပိုင်မှ
စူပါဝမ်းပိုင်သို့
ပြောင်းလဲသွားခြင်း
၂၀၁၆ ဖေဖော်ဝါရီလအထိ
စက်မူ(၁)ပိုင်ဖြစ်ပြီး
၂၀၁၆ April ၂၅ ရက်နေ့
တွင်  စူပါဝမ်းပိုင် အဖြစ် ဆိုင်းဘုတ်ပြောင်းလဲသွားလေသည်။
သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပုဇွန်တောင်မြို့နယ်
လွှတ်တော်ကိုယ်စားလှယ်များမှ
ပြည်သူများအား ရှင်းလင်းပေးပါရန်
တည်နေရာ–
ဗိုလ်တထောင်ဈေးလမ်း
(ယခင်-အီဒင်လမ်း) ထိပ်
ပုဇွန်တောင်မြို့နယ်  (လ.ဝ.က) ရုံးနောက်
အကျယ် ၇၅’ × ၁၅၀’
Credit Utin Oo

image

image

Expensive Aircon $#$ from Myanmar

Beware! Terrorist pretends as Myanmar Police SWAT member

$
0
0

Myintmyat Heart ဆိုတဲ့ ဖဘအကောင့်ကိုသုံးတဲ့ဒီရဲက
ရန်ကုန်တိုင်း ဝန်ကြီးချုပ်မီးလောင်ပြင်လာကြည့်တဲ့ သတင်းအောက်မှာ
ကွန့်မန့်ရေးတဲ့လူတွေက လေးစားပါတယ် လေးစားပါတယ်ပြောတာကို
အဲ့လိုပြောကြလို့ဆိုပြီး မိုက်မိုက်ရိုင်းရိုင်းဆဲပါတယ်
ဒီရဲဟာ ရိုးရိုးရဲမဟုတ် SWAT ပါ
ဒီလိုကောင်မျိုးတွေကို ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး
ကျွန်တော်တို့ လက်သန်းလေးနဲ့ မနည်းမတင်ထားရတဲ့
ဝန်ကြီးချုပ်တွေ အစိုးရအဖွဲ့တွေနားမှာထားဖို့ စိတ်ချရမှာပါလည်း
ဒီလိုစိတ်ဓါတ်ညံ့ဖျင်းသူအများအပြားကို ဖော်ထုတ်အရေးယူဖို့အချိန်တန်ပါပြီ

image

image

image

Credit to Aung Myo Naing’s Facebook

Happy Mother’s Day to All Mothers!

Viewing all 321 articles
Browse latest View live