Quantcast
Channel: Myanmar/Burmese – All Things Myanmar Burmese
Viewing all 321 articles
Browse latest View live
Junior cabin Crew Vacancy from Myanmar National Airline
$
0
0
Myanmar National Airline မှလေယာဉ်မယ်များ ခေါ်ယူနေပါတယ် …
image
image
credit to Myanmar Airspace
Shocking News about Fake/unqualified Guest professor from YTU
Question for Myanmar Justice system
Myanmar Color Festival
$
0
0
image
image
image
image
image
image
image
image
image
image
image
image
credit to ဂျေပိုင်/Irawaddy
Thank you from Aung La
$
0
0
မတ်လ၁၈ရက်နေ့က ရန်ုကုန်မှာယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ အနိုင်ရအောင်ကျွန်တော့်အတွက်ဆုတောင်းပေးခဲ့ကြတဲ့တစ်နိုင်ငံလုံးက
ပရိတ်သတ်တစ်ဦးချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ကျွန်တော့်ရဲ့မိသားစုနဲ့ Marylandမှာရှိတဲ့မိသားစုဝင်များ
ကျွန်တော်ရဲ့မိခင်ကလပ်ဖြစ်တဲ့ Crazy88နဲ့TLIမှာအမြဲနေထိုင်တဲ့သူငယ်ချင်းများ
ကချင်တိုင်းရင်းသားတစ်ယောက်အတွက်ထောက်ခံအားပေးတဲ့သူငယ်ချင်းမိတ်ဆွေများ
အားလုံးနဲ့ မြန်မာနိုင်ငံမှာရှိတဲ့အကိုအမများအားလုံးကိုကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။
ကျွန်တော့်အနေနဲ့ပရိသတ်တွေဒီထက်ပိုပြီးဂုဏ်ယူရတဲ့ကစားသမားတစ်ယောက်ဖြစ်အောင် ဒီထက်ပိုပြီးလေ့ကျင်ြ့ကိုးစားသွားပြီး မြန်မာပရိတ်သတ်တွေရှေ့အရောက်ပြန်လာခဲ့ပါမယ်။
ပရိတ်သတ်များအားလုံးကျန်းမာချမ်းသာကြပါစေကြောင်းဆုမွန်ကောင်းတောင်းပါတယ်။
မင်္ဂလာရှိသောညချမ်းလေးဖြစ်ပါစေ။
image
Suprise Myanmar Wedding @ Thailand
$
0
0
ထိုင်းနိုင်ငံမှာတရားဝင်လက်ထပ်လိုက်ကြ
တဲ့ အရမ်းချစ်ကြတဲ့ မြန်မာboy to boy
မင်္ဂလာဆောင်လေးပါအရံတွေမှာ
မိန်းခလေးတွေဖြစ်pလပ်စွပ်ဗန်းကိုင်တွေကြ
တော့ boy လေးတွေဖြစ်ပါတယ်
အံ့ သြစရာကနစ်ဖက်မိဘကပြုံးပျော်နေကြပါတယ်
မိဘတွေကမင်္ဂလာဆောင်အခမ်းအနားမှာပြော
တဲ့ စကားတစ်ခွန်းကခုလိုခေတ်ကြီးထဲမှာ
အချစ်ရေးနင့် ပတ်သက်ပြီးယောကျာင်္းမိန်းမ
ခွဲခြားနေမယ့် အရာမဟုတ်တော့ ဘူး
အဓိကတစ်ယောက်နင့် တစ်ယောက်ချစ်တတ်ဖို့ 
ခန်းမတောင်မဆန့် ဘူးလို့ သိရပါတယ်ပြန်လည်
ဝေမျှခြင်းဖြစ်ပါတယ်
#cr
image
image
image
image
credit to General Knowledge Sharing
Be alert! Be careful! Rakhine brothers & Sisters!
To our New Government
First speech of New President of Myanmar
$
0
0
၅၄ နှစ်တာအတွင်းပထမဆုံးအရပ်သား သမ္မတသစ် ဦးထင်ကျော်ရဲ့ မိန့်ခွန်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဂုဏ်သရေရှိ ပုဂ္ဂိုလ်များနဲ့နိုင်ငံသူနိုင်ငံသားများခင်ဗျား
ဒီပြည်ထောင်စုလွတ်တော်ကြီးက ကျတော်ကိုနိုင်ငံတော်သမ္မတအဖြစ်
ရွေးချယ် တင်မြှောက်ထားတာ က အထင်ကရ သမိုင်းဝင်ဖြစ်ရပ်ကြီးတစ်ခုဖြစ်တဲ့အတွက်
ကျတော်များစွာဂုဏ်ယူဝမ်းမြောက်ကြောင်းပြောကြားလိုပါတယ်။
ကျတော် သမ္မတ ဖြစ်လာတာနဲ့အညီ
ကျတော်ကပြည်ထောင်စုလွတ်တော်ကို တာဝန်ခံရမယ့်ပုဂ္ဂိုလ်ဖြစ်လာပါတယ်။
၂၀၁၅ နိုဝင်ဘာလ ရွေးကောက်ပွဲရလဒ်ကြောင့် ဖြစ်ထွန်းလာတဲ့ဒုတိယအကြိမ်လွတ်တော်နဲ့ အစိုးရအဖွဲ့များဟာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒ များနဲ့ကိုက်ညီစွာဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။
ယခု အစိုးရသစ်အနေနဲ့ဖြင့် အောက်ပါမူဝါဒများဖြစ်တဲ့ အမျိုးသားရင်ကြားစေ့ရေး
ပြည်တွင်းငြိမ်းချမ်းရေးဒီမိုကရေစီ ဖဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေးကို ရှေးရူတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုပေါ်ပေါက်ရေးနဲ့ ပြည်သူလူထုအများစုရဲ့ လူနေမူဘ၀အဆင့်အတန်း တိုးတတ်မြှင့်မားရေးတို့ကို အကောင်ထည်ဖော်ဆောင်သွားမှာဖြစ်ပါတယ်။
လွတ်တော်နာယကကြီး လွတ်တော်ကိုယ်စားလှယ်များ တတ်ရောက်ကြသော ဂုဏ်သရေရှိ ဧည်သည့်တော်များ နဲ့ နိုင်ငံသူနိုင်ငံသားများခင်ဗျား
ဒီနေ့ဒီအချိန်မှာ လေးနက် စွာတင်ပြလိုတဲ့အချက်တစ်ခုရှိပါတယ်။ ဒီအချက်ကတော့ မကြာမှီကဘဲ ကျတော်ဟာ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုခဲ့ပြီးဖြစ်ပါတယ်။
အဲဒီကတိသစ္စာ ကို ထိန်းသိမ်းရမယ့် တာဝန် ရှိကြောင်းကို လည်းအစဉ် သတိချပ်နေမှာဖြစ်ပါတယ်။
ဒါအပြင့် နိုင်ငံတော် နဲ့သင့်တော်မယ့် ဒီမိုကရေစီ စံချိန်စံညွှန်းများနဲ့ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ဖြစ်ပေါ်လာရေးအတွက်လည်း ဆောင်ရွက်ရမယ့်တာဝန်ရှိပါတယ်။
နှစ်ရှည်လများပြည်သူလူထုလိုလားတောင့်တနေတဲ့ .. ဒီနို်င်ငံရေးရည်မှန်းချက်အကောင်အထည်ဖော်လာရေးအတွက် စိတ်ရှည် သီးခံပြီးဆောင်ရွက်သွားရမှာကိုလည်း သိနားလည်ထားပါတယ်။
နိဂုံးချုပ်အားဖြင့်တင်ပြချင်တာကတော့ ယခုပေါ်ပေါက်လာတဲ့ပြည်ထောင်စုအစိုးရအဖွဲ့ဟာ .. ပြည်သူလူထုရဲ့မျှော်လင့်ချက်များ … ဆန္ဒများပြည့်ဝစေရန် … မမှိတ်မသုန် ..ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်းအလေးအနက်ပြောကြားလိုပါတယ်။
နိုင်ငံသူနိုင်ငံသားအားလုံး ချမ်းမြေသာယာ စွာနဲ့ မိမိတို့ဘ၀လမ်းကြောင်းကို ဖြောင့်တန်းစွာလျောက်လမ်းနိုင်ကြပါစေ။
Author/နိုင်ငံရေးသတင်းအဖွဲ့
Photo/ စရာဇာအောင်
image
Cartoon of the day
A letter to President & Amay Suu
$
0
0
နိုင်ငံတော် သမ္မတ ဦးထင်ကျော်နဲ့ အမေစု သိအောင်
တင်ပြပေးပါ ဆိုပီး ပေးပို့လာတဲ့ စာလေးပါ
=============================
ကျွန်တော်က ပြည်ထဲရေးဝန်ကြီးဌာန ထွေအုပ်က ဝန်ထမ်း
တစ်ယောက်ပါ….အခုရေးမယ့်အကြောင်း မပြောခင် ထွေအုပ်
အကြောင်း အနည်းငယ် လင်းပါရစေ
ထွေအုပ်ဌာနဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်ရေး အာဏာ
အဓိကအကောင်အထည်ဖော်ရတဲ့ ဌာနပါ အစိုးရရဲ့ မူဝါဒကို
အကောင်အထည် ဖော်တယ်ဆိုပေမယ့် ပြည်ထဲရေး ဝန်ကြီးရဲ့
အမိန့်ကို လွန်ဆန်လို့မရတဲ့ ဌာနပါ ပြည်ထောင်စု အစိုးရ နဲ့
တိုင်းနဲ့ပြည်နယ် အစိုးရတွေရဲ့ ပေါ်လစီတွေကို အကောင်အထည်
ဖော်ရတဲ့ အခြေခံအကျဆုံးနဲ့ အောက်ခြေရပ်ကွက် ကျေးရွာထိ
ပေါက်ရောက်တဲ့ ဌာနပါ
အခုဆိုရင် ကျွန်တော်တို့ဌာနမှာ အောက်ခြေကနေအဆင့်ဆင့်
တက်လာတဲ့ ငယ်မွေးခြံပေါက်ဝန်ထမ်းတွေဟာ စစ်တပ်က
ပြောင်းလာတဲ့ မိုးကျရွှေကိုယ်တွေကြောင့် ရာထူးတက်လမ်းများ
ပိတ်နေပြီး စိတ်ဓာတ်အကြီးအကျယ် ကျဆင်းလျက်ရှိနေပါတယ်
အရာထမ်း ဝန်ထမ်းတွေထဲမှာ ဌာနတွင်းဝန်ထမ်းစစ်စစ်ဟာ
၎ ပုံ ၁ ပုံပဲ ရှိပါတယ် အားလုံးစစ်တပ်က ပြောင်းလာတဲ့ သူတွေပါ
ညွှန်ချုပ်အဆင့်မှ ဒုညွှန်အဆင့် လက်ညွှန်အဆင့်ထိ တပ်က ၉၀ %
လောက် နေရာယူထားပါတယ်
ထွေအုပ်လုပ်ငန်း ကို တကယ်ကျွမ်းကျင်တဲ့ ထွေအုပ်အရာထမ်း
အမှုထမ်းတွေကတော့ အမြင့်ဆုံး ဦးစီးအရာရှိနဲ့ လက်ညွှန်အဆင့်
လောက်ထိပဲ ရာထူးရနေပါတယ်
ဒီပြဿနာဟာ ၂၀၁၀ နောက်ပိုင်းက စ လို့ ပိုပြီးဆိုးလာတာပါ
အခုအချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ nld အစိုးရကို
အတွင်းကနေ သပ်လျိုဖို့ အစိုးရယန္တရားမှာ အရေးပါတဲ့ ထွေအုပ်
ဌာနကို အလုံးအရင်းနဲ့ ဝင်ရောက်လာနေပါတယ်
ဌာနတွင်း ဝန်ထမ်းတွေကိုတော့ staff အဆင့်လောက်မှာဘဲထားပြီး
အရေးပါတဲ့ နေရာတော်တော်များများကို တပ်ပြောင်းတွေကို
နေရာပေးထားတာ မရိုးသားမှုပါ
Nld အစိုးရ အာဏာရတယ်ဆိုပေမယ့် တကယ်လုပ်ပိုင်ခွင့်ရှိနေတာ
ပြည်ထဲရေးကပါ စစ်တပ်က လူတွေကို ခရိုင်မြို့နယ် အုပ်ချုပ်ရေးမှူးပေးပြီး
  အုပ်ချုပ်ရေးကို ကြိုးကိုင်ဖို့ စစ်တပ်က ရည်ရွယ်နေတယ်ဆိုတာ
အမေစု မသိတာတော့ မဟုတ်လောက်ဘူး သိနိုင်ပါတယ်
မိုးကျရွှေကိုယ်တွေဟာ စစ်တပ်က ပင်စင်ကိုလည်း ယူတယ်
ကျွန်တော်တို့ ဌာနတွင်း ဝန်ထမ်းတွေ ၁၅ နှစ်လောက် ရိုးရိုး
သားသားကြိုးကြိုးစားစား နဲ့ တက်လှမ်းရမယ့် ရာထူးတွေကိုလည်း
ရယူတယ် လစာနှုန်းအမြင့် ကား အိမ် အသုံးအဆောင် လုပ်ပိုင်ခွင့်
အာဏာ အပြည့်အဝနဲ့ ဝင်လာကြတာပါ
ကိုယ့်ကိုယ်ကိုယ်လည်း ဝန်ခံပါတယ် ကျွန်တော်တို့ ရာထူးလိုချင်တယ်
ရာထူးတွေရဖို့အတွက် စာမေးပွဲတွေဖြေတယ် လူတွေ့နှုတ်ဖြေ ဖြေတယ်
ပြစ်ဒဏ်ကင်းအောင်နေတယ် အထက်အောက်ပြေလည်အောင်
ဆက်ဆံတယ် တာဝန်ကျေအောင်လုပ်တယ် ဆယ်စုနှစ်တွေသာ
ကြာသွားတယ် တပ်ထဲမှာ ၄ နှစ်လောက် ဇိမ်ခံလာတဲ့ လူက
အရာရှိအဖြစ် ဝင်လာတယ် ၂ ပတ်အတွင်း နောက်တစ်ဆင့်
ရာထူးတိုးသွားတယ်
ကျွန်တော်တို့မှာ ပြန်လည်း မပြောရဲဘူး ခေတ်ပြောင်းစနစ်ပြောင်းကို
စောင့်လာခဲ့ရတာ ဒီနေ့တော့ ရောက်ပြီ အမေစုနဲ့ လက်တွဲပြီး
အလုပ်လုပ်ချင်တယ်
အခု အာဏာမလွှဲခင်မှာ စစ်တပ်က ရသလောက်သွင်းနေတယ်
မလိုအပ်ဘဲ လွှတ်တော်မှာ အတည်မပြုဘဲ ခရိုင်ဖွဲ့စည်းပုံကို
တိုးချဲ့ပြင်ဆင်တယ် လိုအပ်တဲ့ အရာထမ်းရာထူးနေရာတွေကို
ဌာနတွင်းက လူငယ် အနည်းငယ်ကို အယောင်ပြရာထူးတိုးပေးပြီး
ခန့်တယ် နောက်တော့ ထင်တဲ့ အတိုင်းဘဲ စစ်တပ်က ၅၀၀
ကျော်လောက် သွင်းဖို့လုပ်တယ် ခရိုင်အုပ်ချုပ်ရေးမှူးတွေကို
ညွှန်မှူးအဆင့်ထားဖို့အတွက် လက်ရှိ ခရိုင်အုပ်ချုပ်ရေးမှူး ဒုညွှန်တွေ
ကို ရာထူးတိုးပေးရာမှာလည်း တပ်က လူတွေကို အဓိက တိုးပေးပြီး
ဌာနတွင်း ဒုညွှန်တွေကို ချန်ခဲ့တယ်သိပ်ပြီးအသဲနာဖို့ကောင်းပါတယ်
NLD အစိုးရကို တောင်းဆိုချင်ပါတယ် စစ်တိုက်ချင်လို့ စစ်ထဲဝင်ပြီး
စစ်မတိုက်နိုင်ရင် အပြင်မှာ အလုပ်ထွက်လုပ်ပါစေ ဌာနတွေ
ဖရိုဖရဲဖြစ်အောင် မလုပ်ပါစေနဲ့တော့
ဆက်တာဝန်ထမ်းဆောင်ခိုင်းမယ်ဆိုလည်း ရာထူးအကြီးကြီးတွေ
ယူထားပြီးပြီ တပ်က ပင်စင်ပဲ ယူချင်ယူ ဌာနက လစာကိုပဲ ယူချင်ယူ
တစ်ခုကိုပဲ ရွေးခိုင်းပါ ၂ သီးစားတာ နိုင်ငံ့ဘဏ္ဍာကို ဖြုန်းနေတာပါပဲ
နောက်ဆုံးအချက်အနေနဲ့ ကျွန်တော်တို့ ထွေအုပ်ကို နိုင်ငံတော်သမ္မတ
ရုံး လက်အောက်မှာ ထားပေးပါ ဝန်ထမ်းတိုင်း ညီတူညီမျှ ရာထူးအနွယ်
ပိုင်ဆိုင်ခွင့်ရအောင် လုပ်ပေးပါ ….ကျွန်တော်တို့ ဝန်ထမ်းစစ်စစ်များ
အမေစုနဲ့ အတူ လက်တွဲပြီး အလုပ်လုပ်ပါရစေခင်ဗျာ
image
ထွေအုပ် ၀န်ထမ်း(၁)ဦး
credit to ရွှေတံခါးမှူးချစ်သူမီဒီယာ
Photo of the day
$
0
0
image
image
image
image
image
The Power Corridor:
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်နဲ့ အရပ်သားသမ္မတ ဦးထင်ကျော်ကို ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ မတ်လ ၃၁ရက်က စတုဒီသာထမင်း ကျွေးခဲ့သလို လမ်းသွားလမ်းလာတွေကိုလည်း အချိုရည်အအေးဗူးတွေ ဝေငှခဲ့ပါတယ်။
credit to ဓာတ်ပုံ – မျိုးမင်းအောင်/ကမာရွတ်မီဒီယာ
We can see the change under new Management!
A letter from Nandar Hlaing’s bro to PM
$
0
0
Sein Phyo Hlaing is brother of Nandar Hlaing & Bro-in-Law of Zay Thiha
သို့
ဦးဖြိုးမင်းသိန်း
ဝန်ကြီးချုပ်
ရန်ကုန်တိုင်းဒေသကြီး
ဦဖြိုးမင်းသိန်းခင်ဗျာ ၊ ကျွန်တော်မှာ Blizzard ရေကစားမဏ္ဍပ်၏ အဓိက စီစဉ်သူတစ်ဦးဖြစ်ကာ ကျွန်တော်တို့ ရေကစားမဏ္ဍပ်ကို ၂၀၀၆ခုနှစ် တွင် ဆေးတက္ကသိုလ်မှသူငယ်ချင်းများနှင့်အတူစတင်တည်ဆောက်ခဲ့ပြီး နှစ်စဉ်မပြတ် တည်ဆောက်ခဲ့သည်မှာ ၂၀၁၅ ခုနှစ်တွင်ဆယ်စုနှစ်တစ်ခုတိုင်ခဲ့ပြီဖြစ်ပါသည်။
မဏ္ဍပ်စတင်တည်ထောင်စဉ် ကနဦးရည်ရွယ်ချက်မှာ မိမိတို့တက္ကသိုလ်မှကျောင်းသူကျောင်းသားမျာအတူတူ မဟာသင်္ကြန်ပွဲတော်ကိုဖြတ်သန်းကျော်လွန်ရန်ဖြစ်ပြီး အမြတ်အစွန်းရှိရေးမှာ အဓိက မကျပါ။ Blizzard မဏ္ဍပ်မှာတစ်နှစ်ထက်တစ်နှစ် ပိုမိုနာမည်ရရှိလာပြီး ဧပရယ်လ် လတွင် မဏ္ဍပ်ဆောက်လုပ်ခြင်းမှာ ကျွန်တော်တို့သူငယ် ချင်းများကြားအစဉ်အလာတစ်ခုလိုဖြစ်လာခဲ့ကာယခုတိုင် မပြတ်ဆောက်လုပ်လာခဲ့ခြင်းဖြစ်ပါသည်။
မဏ္ဍပ်ဆောက်လုပ်ရာတွင်အမြတ်အစွန်းရရှိရေးမှာ အချက်များစွာပေါ်မူတည်ကာ ကျွန်တော်တို့အတွက်အမျက်အစွန်းရသောနှစ်ရှိသကဲ့သို့ ခွက်ထိုးခွက်လံ ရှုံးသောနှစ်၊အရင်းသာပြန်ရသောနှစ်များကိုလဲဖြတ်သန်းခဲဖူးပါသည်။နှစ်စဉ်လဲအမျိုးမျိုးအဖုံဖုံသော အခက်အခဲများ ကြုံတွေ့ကျော်ဖြတ်ခဲဖူးပါသည်။
ယခု ဦးဖြိုးမင်းသိန်း စတင်တာဝန်ယူသောနှစ်တွင်မူ ရုတ်တရက်မူဝါဒပြောင်းလဲမှုကြောင့် ကျွန်တော်တို့ကဲ့သို့ ဝါရင့် မဏ္ဍပ်စီစဉ်သူများသာမက ယခုမှစတင်ဆောက်လုပ်မည့်သူများပါအံသြခဲ့ရပါသည်။ လက်မှတ်ရောင်းချခြင်းသည်တရားမဝင်ဟုဆိုကာပိတ်ပင်တားစည်းသည်ကိုလဲ နားမလည်နိုင်ဖြစ်ရပါသည်။ မြန်မာသည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည်ဟုနားလည်ထားရာ၊ မဏ္ဍပ်ရေကစားခွင့်မှာလဲ တားမြစ်ကုန်ပစ္စည်း/ဝန်ဆောင်မှုမဟုတ်ပါ။
ဦးဖြိုးမင်းသိန်းအနေနှင့် မူဝါဒ ဥပဒေ အသစ်ကို ရေးဆွဲကာ ပိတ်ပင်လိုက်သည်ဟုဆိုလျှင် အဘယ်ကြောင့် ပြည်သူလူထုကို အသိပေးမှု မရှိခဲ့သနည်း။ မူဝဒ၏ တိုက်ရိုက်အကျိုးကိုခံစားရမည့် မဏ္ဍပ်တည်ဆောက်သူများကို မူဝါဒ ရေးဆွဲစဉ်တိုင်ပင်ဆောင်ရွက်ခြင်းမပြုလုပ်ခဲ့သနည်း။ ထို့ကြောင့် ဦးဖြိုးမင်းသိန်း၏ မူဝါဒမှာလက်တွေ့နှင့် အလွန်ကင်းကွာလျှက်တိုင်းပြည် GDP ၏ ဝန်ဆောင်မှုအပိုင်းကို ကြီမားစွာထိခိုက်စေပါသည်။
မြန်မာ့ရိုးရာသင်္ကြန်တွင် လက်မှက် ကိုဈေးကြီးပေးဝယ်ခြင်းသည်မဖြစ်သင့်ဟုဆိုလျှင် Demand ရှိ၍ Supply ရှိရခြင်းသာဖြစ်ပါသည်။ ပါမစ်ကို ဈေး ကြီးပေးကာ မှောင်ခိုဈေးကွက်တွင်အရောင်းအဝယ်လုပ်သည်မှာတရားမဝင်ဟုပြောလျှင်လဲ Government ၏ Supply for Permit မှာ အလွန်နည်းပြီး Public Demand နှင့်မမျှသောကြောင့်ဖြစ်ကာ မဏ္ဍပ်ဆောက်လုပ်ရန်သင့်သော်သော နေရာများအစိုရက မဖော်ထုတ်နိုင်သောကြောင့်ဖြစ်ပါသည်။ ဦဖြိုးမင်းသိန်းအနေနှင့် ယခုပွဲတော်ကိုအခြေခံရေ နိုင်ငံခြားသာဧည့်သည်များကိုစွဲဆောင်ခြင်း၊ မဏ္ဍပ်များကိုအခွန်ကောက်ခံခြင်း၊ လက်မှတ်များအပေါ်အခွန်ကောက်ခံခြင်း၊ ပါမစ်များကိုတရားဝင်လေလံတင်ရောင်းချခြင်း စသည်များကိုဆောင်ရွက်ကာ ဝင်ငွေကိုမြှင့်တင်သင့်ပေသည်။
ဤကဲ့သို့ ပိတ်ပင်းခြင်းကြောင့်တိုင်းပြည်၏ ဒေါ်လာသန်းပေါင်းများစွာဝင်လမ်းရှိနိုင်သော အခွင့်အလမ်းကို ပိတ်ပင်ရုံမျှမက အခြေခံလူတန်းစားမျာ၏ ဝင်ငွေရလမ်း နှင့် အလယ်အလတ်တန်းစားများ၏ ပျော်ရွှင်ခွင့် ကိုပါ အာဏာရှင်ဆန်ဆန်တားမြစ်ပိတ်ပင်သလိုဖြစ်နေပါသည်။
ဤသည်မှာကျွန်တော်တစ်ဦးတစ်ယောက်ထဲ၏ထင်မြင်ယူဆချက်များပင်ဖြစ်ပါသည်။
Dr. Sein Phyo Hlaing
image
Credit to Sein Phyo Hlaing
Myanmar PM Phyo Min Thein’s Facebook has been hacked by Anti-NLD
$
0
0
image
image
Update News!
image
image
credit to Aung N Htwe’s Facebook
Myanmar Army officer who raped the teacher
$
0
0
image
image
image
image
Credit to Aung Myint’s facebook
Singapore MOM looking for Myanmar lady who used to work at SG
$
0
0
စင်္ကာပူ MOM (လူ့စွမ်းအားဝန်ကြီးဌာန)က မြန်မာမလေး တစ်ဦးကို ရှာပေးဖို့ အကူအညီတောင်းခံထား
~~~~~~~~~~~~~~~~
စင်္ကာပူ    ဧပြီလ  ၆ ရက်
မြန်မာနိုင်ငံဟာ ဧရိယာစတုရန်းမိုင်ပေါင်း ၂၆၁၂၂၇ ကျယ်ဝန်းပြီး လူဦးရေ ၅၁၄၈၆၂၅၃ ခန့် နေထိုင်ကြပါတယ်။ဒီလောက်ကျယ်ဝန်းတဲ့နိုင်ငံကြီးမှာ လူတစ်ယောက်ကို မရင်းနှီးပဲရှာရတာ လွယ်တဲ့ကိစ္စတော့မဟုတ်ပါ။ စင်္ကာပူနိုင်ငံမှာတော့နိုင်ငံသေးငယ်တော့လွယ်ကောင်းလွယ်ပါလိမ့်မယ်။
ယခုအခါမှာ စင်္ကာပူ အစိုးရ Ministry Of Manpower လူ့စွမ်းအားဝန်ကြီးဌာနဟာ မြန်မာအမျိုးသမီး တစ်ဦးကို အဆက်အသွယ်ရဖို့ကြိုးစားနေပါတယ်။
အဆိုပါအမျိုးသမီးဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီး မြို့နယ် က ရွာလေးတစ်ရွာမှာ နေထိုင်ခဲ့တယ်လို့သိရပါတယ်။
သူမ ဟာ စင်္ကာပူကို အိမ်အကူနဲ့ရောက်ရှိလာပြီး အလုပ်ရှင်နဲ့ လစာပြဿနာ တက်ရာကနေ MOM ကို အမှုတိုင်ကြားတဲ့အဆင့်ဖြစ်ခဲ့ပါတယ်။MOM အနေနဲ့ သူမ ရစရာရှိတဲ့ လုပ်ခလစာငွေ စင်္ကာပူဒေါလာ ဂဏန်း ၄ လုံးစာကို ပေးအပ်လိုပါတယ်။ ဒါပေမဲ့ ဆက်သွယ်မှုပြတ်တောက်နေတယ်လို့သိရပါတယ်။
MOM ကရတဲ့ သူမရဲ့အချက်အလက် များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) အမည်-KAN NIE THEY (Ms)
(၂) မြန်မာနိုင်ငံသားမှတ်ပုံတင်အမှတ်- 5/La Ya Na (Naing) – xxxxx9
(၃) ကိုးကွယ်သည့်ဘာသာ- ခရစ်ယာန်ဘာသာ
(၄) နေရပ်လိပ်စာ- Phontharad Village, Lashi Township, Sagaing Division
စာဖတ်သူများထဲက သူမနဲ့သိကျွမ်းတဲ့သူများရှိခဲ့ရင် “စလုံးpage” chatbox ကနေတစ်ဆင့် သတင်းပေးပါရန်မေတ္တာရပ်ခံအပ်ပါတယ်။
စလုံး Page
(စင်္ကာပူနှင့် ပတ်သက်သော
အကြောင်းအရာများ စုစည်းတင်ပြမှု)
www.facebook.com/SaloneCollection
image
Some Political prisoners are free
$
0
0
nay-1
nay-4
nay-3
nay-2
student
nay-5
nay-7
နိုင်ငံရေး အကျဉ်းသား အချို့  ကို ယနေ့မှ စတင်ကာ လွှတ်ပေးနေပါပြီ ကိုနေမျိုးဇင် မမီးမီး ဒေါ်နော်အုံးလှ နဲ့  ကျောင်းသား အချို့ ပြန်လည် လွှတ်မြောက်လာပါပြီ ကျန်နေသူတွေကို လည်းဆက်လက်လွှတ်ပေးမယ်လို့  ကြားသိရပါတယ် ပြည်သူ ကို ရင်ဝယ်သား သကဲ့သို စောင့်ရှောက် ကာကွယ်ပေးပါသော် အမေစု နဲ့  သမ်မတကြီး ဦးထင်ကျော် ဦးဆောင်သော မြန်မာနိုင် ငံတော် အစိုးရသစ်အား Shwedarling Team မှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်
WTH chinese company bully Myanmar workers
Invitation from Our president
Viewing all 321 articles
Browse latest View live